• ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မအီမြို့ဘက် သို့သွားသည့် ရဲကားတစ်စီးမိုင်းခွဲ တိုက်ခံရပြီး အပြန်အလှန်ပစ်ခတ် မှုအချို့ရှိခဲ့ကြောင်း တောင်ကုတ် မြို့နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးသန်း နိုင်ကပြောသည်။ အဆိုပါရဲကားသည် ဖေ ဖော်ဝါရီ ၂၆ ရက်က မအီမြို့သို့ ထွက်ခွာလာစဉ် မြို့နှင့် ၁၄ မိုင် ခန့်အကွာပေါက်ပြင်ရွာအနီး တွင် မိုင်းခွဲခံရခြင်းဖြစ်ကာ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ၎င်း ကဆိုသည်။ ‘‘မိုင်းခွဲတယ်။ ပြီးတော့ သေ နတ်နဲ့ပစ်တယ်’’ ဟု ရဲမှူးသန်းနိုင် ကပြောသည်။ ရခိုင်ပြည်နယ်တွင် တောင် ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော် လည်း တောင်ကုတ် - မအီလမ်း ပိုင်းတွင်မိုင်းပေါက်ကွဲမှုအချို့ရှိခဲ့ သည်။ ယခု...
  • COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းတွင် ရလဒ်ကောင်းများ ရရှိသော်လည်း အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ချန် ဟိုင်က ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တရုတ်သံအမတ်တို့ ဖေ ဖော်ဝါရီ ၂၅ ရက်က နေပြည် တော်၌တွေ့ဆုံစဉ် ၎င်းကအ ထက်ပါအတိုင်း ပြောကြားသည် ဟု တပ်မတော်က သတင်းထုတ် ပြန်သည်။ မြန်မာနှင့် တရုတ်နှစ်နိုင်ငံ သည် တောတောင်ရေမြေ ဆက် စပ်နေသည့် အိမ်နီးချင်းနိုင်ငံ များဖြစ်၍ အကျိုးသက်ရောက် မှုများ ရှိလာနိုင်သဖြင့် မြန်မာ နိုင်ငံနှင့် ပူးပေါင်း၍ရောဂါကာ ကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကိုဆောင်ရွက်နေကြောင်းတရုတ် သံအမတ်ကြေ...
  • ပညာရေး သတင်းအမှားများ ဖြေရှင်းရန်နှင့် ပညာရေးအကြီးအကဲများအား ပုဂ္ဂိုလ်ရေးစော်ကားသည့် အကောင့်ပိုင်ရှင် ကို အရေးယူရန် လူမှုကွန်ရက် မီဒီယာ အချက်အလက်များ လေ့လာစောင့်ကြည့် သုံးသပ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးအဖွဲ့ကို အခြေခံပညာဦးစီးဌာနတွင် ဖွဲ့စည်းခဲ့ကြောင်း ယင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး ၀င်းက ပြောသည်။ ထိုအဖွဲ့ကို အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများဖြင့် ဖွဲ့စည်းထားသည်ဟု ၎င်းကဆို သည်။ ‘‘သတင်းအမှားတွေ တင်ပြီးတော့ Foul ထုနေတာလေ။ မမှန်မှန်း သိရက်သားနဲ့ တမင်တင်တာ မျိုးကို ဒါမမှန်ပါဘူးဆိုတာမျိုး ပြန်ဖြေရှင်းဖို့အတွက် လုပ်တာ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်...
  • ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်း တွင် တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၏တင် ပြချက်အချို့ ကျန်ခဲ့ခြင်းသည် ရုံး ပိုင်းဆိုင်ရာ မှားယွင်းမှုဖြစ်၍ ဖြည့်စွက် ပြင်ဆင်ပေးမည်ဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြော သည်။ ဥပဒေမူကြမ်းတွင် ကွဲလွဲ သည့်အချက်ရှိပါက ပြည်ထောင် စုလွှတ်တော်ရုံးသို့ ဆက်သွယ် ပြောဆိုနိုင်ကြောင်း ၎င်းက ယမန် နေ့ (ဖေဖော်ဝါရီ ၂၆) ပြည်ထောင် စုလွှတ်တော်အစည်းအဝေး၌ ပြောသည်။ ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်အစည်း အဝေး မစတင်မီ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် က ၎င်းတင်သွင်းထားသော အ ခြေခံဥပဒေမူကြမ်းပါ အကြောင်း အရာ အချ...
  • COVID-19 ဖြစ်ပွားမှု သည် မြန်မာနိုင်ငံအပေါ် အကျိုး သက်ရောက်မှုရှိပြီး ယင်းသက် ရောက်မှုကို ရှောင်လွှဲမရနိုင် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကရင်ပြည်နယ် ခရီးစဉ်အ တွင်း ဖေဖော်ဝါရီ ၂၅ရက်က လှိုင်းဘွဲမြို့တွင် ဒေသခံလူထုနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြား သည်။ ‘‘ကျန်းမာရေးကိစ္စသာမက စီးပွားရေးဘက်ကလည်း ထိခိုက် နိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး အစောကြီးလုပ်သင့်၊ လုပ်ထိုက် တာကို လုပ်ပါတယ်’’ဟု ၎င်းက ပြောသည်။ ထို့အပြင် ဝူဟန်မြို့ရှိ လူ ငယ်နိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်ရာတွင် မြန်မာနိုင်ငံ က ပထမဆုံးဖြစ်သည်ဟု ၎င်းက ပြောသည်။ ‘‘ကမ္ဘာပေါ်မှာ အချမ်းသာ ဆုံးန...
  • မန္တလေးသင်္ကြန်တွင် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်များ ကို အကျယ်ပေ ၁၅၀ ထိတိုးချဲ့ ဆောက်လုပ်ခွင့်ပြုရန် စီစဉ်ထား ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦး ကျော်ဆန်းမြင့်ကပြောသည်။ ယခင်က အကျယ် ပေ ၁၀၀ ဆောက်လုပ်ရန်ခွင့်ပြုထားသော် လည်း ဒဏ်ကြေးပေးဆောင်ကာ တိုးချဲ့ ဆောက်လုပ်ခြင်းများ ကြောင့် ယခုနှစ်တွင် တိုး၍ခွင့်ပြု ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။ ‘‘အရင်က ပေ ၁၀၀ ခွင့်ပြု တယ်။ ဒါပေမဲ့ဒဏ်အရိုက်ခံပြီး ထပ်တိုးတွေဆောက်နေတဲ့အ တွက် ပေ ၁၅၀ ထိခွင့်ပြုမယ်။ သို့ သော်လုံးဝတိုးမဆောက်ပါနဲ့။ တိုးဆောက်တယ်ဆိုလို့ရှိရင် တစ် ပေတိုးရင် ဒဏ်ကြေးငါးသိန်းအ ထိ တပ်ရိုက်မယ်လို့ဆွေးနွေးထား ပါတယ်’’ ဟု ဦးကျော်ဆန်းမြင့် ကပြောသည်။ြ...
  • မူဆယ်မြို့လယ်ကောင် တစ်နေရာတွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သောအမျိုးသမီးတစ်ဦး ကျပ်သိန်း ၁၀၀ ကျော်လုယက်ခံ ရကာ လက်ကိုဓားဖြင့်ခုတ်ခံရမှု ဖေဖော်ဝါရီ ၂၆ ရက်နံနက်က ဖြစ်ပွားခဲ့သည်။ အမျိုးသားလေးဦးက မူ ဆယ်မြို့နာရီစင်အနီးတွင် မြန်မာ ငွေနှင့် တရုတ်ငွေလဲလှယ်ရေး လုပ်ငန်းလုပ်နေသည့် အမျိုးသမီး ထံမှ ငွေများ လုယက်ကာ လက် ကို ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသွား ခြင်းဖြစ်သည်။ ‘‘လူလေးယောက်က ကား အဖြူတစ်စီးနဲ့ရောက်လာပြီး ငွေ လဲမယ်ဆိုပြီးလုသွားတာ။ ပိုက်ဆံ အိတ်ကို ပြန်လုတော့ ဓားနဲ့ခုတ် သွားတာ လက်ချောင်းနေရာမှာ ပြတ်ရှဒဏ်ရာရသွားတယ်’’ ဟု မူ ဆယ်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးကပြောသည်။ မြန်မာငွေနှင့် တရုတ်ငွေ ရောရာစုစုပေါ...
  • ပြည်ပဖိအား ဘယ် လောက်များများ ပြည်တွင်းအင် အားညီညွတ်ပါက ဘယ်ပြည်ပစိန်ခေါ်မှုကိုမျှ ကြောက်စရာမလို ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လှိုင်းဘွဲမြို့၌ ပြုလုပ်သည့် လူထု တွေ့ဆုံပွဲတွင် ပြောကြားသည်။ ‘‘ပြည်ပက ကျွန်မတို့ကို ဘယ်လိုပဲ ကြည့်ကြည့်၊ ဘယ်လို ဖိအားတွေပဲရှိရှိ အဓိကပြည်တွင်း အင်အားပါ။ အားလုံးလက်တွဲပြီး ရင်ဆိုင်စရာအားလုံးကို ရင်ဆိုင် မယ်ဆိုရင် ဘယ်ပြည်ပစိန်ခေါ်မှု ကိုမှ ကျွန်မတို့ကြောက်ဖို့ မလိုပါ ဘူး။ ဘယ်ပြည်ပစိန်ခေါ်မှုကိုမှ စိုးရိမ်စရာ မရှိပါဘူး’’ဟု ၎င်းက ပြောသည်။ ရခိုင်ပြည်နယ်နှင့် ပတ်သက် ပြီး တစ်ကမ္ဘာလုံးက ဖိနှိပ်နေ သည်များရှိသော်လည်း စည်းလုံး ညီညွတ်ပါက ရုန်းကန်၍ တိုး...
  • နိုင်ငံပေါင်း ၁၈ နိုင်ငံ တွင် ပြသသော MTVAsia နှင့် SBS MTV မှ ‘The Show’ ရုပ်သံ ဂီတရှိုးပွဲ၌ ပထမဆုံး ဆုရရှိပြီး နောက် တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်အဖွဲ့ IZ*ONE မှ အဖွဲ့ဝင်အများအပြားမျက်ရည် ကျခဲ့သည်။ IZ*ONE အဖွဲ့သည် ပြီးခဲ့ သည့် သီတင်းပတ်က ‘Fiesta’ သီ ချင်းကို ဖြန့်ချိခဲ့ပြီး အားပေးမှုအ များအပြားရရှိကာ The Show တွင် ထိုက်တန်စွာဆုဆွတ်ခူးခဲ့ သည်။ ယင်းမတိုင်မီ M-Net ကုမ္ပဏီဒါရိုက်တာများနှင့် ထုတ် လုပ်သူများကြားဖြစ်ပေါ်ခဲ့သော မဲမသမာမှုနှင့်အတူ အငြင်းပွား စရာဖြစ်ရပ်များကြောင့် IZ*ONE အဖွဲ့သည်ကြာရှည်စွာနားခဲ့ရပြီး အဖွဲ့ဖျက်သိမ်းလုဖြစ်ခဲ့သည်။ allkpop
  • ပထမဆုံးတစ်ကိုယ် တော်အခွေကို ပြီးခဲ့သည့်နှစ် အတွင်းက ရရှိသည့် အနုပညာ ကြေးများ စုဆောင်း၍ အကောင် အထည်ဖော်ခြင်း ဖြစ်သည်ဟု Myanmar Idol Season 3 ပြိုင် ပွဲဝင် ငွေစင်လှိုင်းက ပြောသည်။ ‘‘ကိုယ်ရတဲ့အနုပညာကြေး တွေကိုစုတယ်။ ရတာနဲ့ သီချင်း ဝယ်တယ်။ သီချင်းတီးတယ်။ အခက်အခဲတွေကတော့ အများကြီး ပဲ။ သီချင်းတစ်ပုဒ် ထွက်လာဖို့ ဆိုတာ မလွယ်ဘူး’’ဟု ၎င်းက ပြောသည်။ ယင်းအခွေကို သီချင်းသည် ဟု အမည်ပေးထားပြီး Title သီချင်းသည် ၎င်း၏ ဘဝအကြောင်းကို တေးရေး စိမ့်ကခံစား၍ ရေးပေးထားသည်ဟု ၎င်းက ဆိုသည်။ ‘‘ဈေးသည်တို့၊ ကုန်သည်တို့ရှိသလို နားဆင်တဲ့ ပရိသတ်တွေရင်ထဲကိုရောက်ဖို့ သီချင်းသည် လည်းလိုတယ်။ ဒီဟာသည် ငွေ စင်ရဲ့ ခွန်အားတွေကို ရင်းပြီးလာတဲ့အတ...
  • အီတလီနိုင်ငံတွင် COVID - 19 ဗိုင်းရပ်စ်ကူးစက်ခံ ထားရသူများကို စစ်ဆေးတွေ့ရှိ ပြီးနောက် သရုပ်ဆောင်တွမ် ခရုဇ်၏ ဇာတ်ကားသစ် Misson: Impossible - 7 ရုပ်ရှင်ရိုက်ကူးမှု ကို ရပ်တန့်ထားရကြောင်း PEOPLE မဂ္ဂဇင်းက အတည်ပြုသည်။ ယင်းဇာတ်ကားကို အီတ လီနိုင်ငံဗင်းနစ်မြို့တွင် သီတင်း သုံးပတ်ကြာ ရိုက်ကူးရန် စီစဉ် ထားသော်လည်း နိုင်ငံမြောက် ပိုင်းဒေသတစ်ဝန်း ဗိုင်းရပ်စ် ကူးစက်သူ ပိုမိုများပြားလာ ခြင်းကြောင့် Paramount Pictures ကုမ္ပဏီကရိုက်ကူးမှုရပ် တန့်ခဲ့ရသည်။ သို့သော် တွမ်ခရုဇ် (၅၇) နှစ်သည် ယခုအချိန်တွင် အီတလီ၌ ရှိမနေဟုသိရသည်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဗင်းနစ်မြို့အာဏာပိုင်များကအ များပြည်သူစုဝေးမှုများကို ရပ် တန့်...
  • Sunset Melody Unplugged ဖျော်ဖြေပွဲကို မတ်လ ၇ ရက်ညနေတွင် ရန်ကုန်ရွက်လှေ အသင်း၌ ပြုလုပ်မည်ဟု Rဇာ နည်ကပြောသည်။ ‘‘မိသားစုဆန်ဆန်ပွဲလေးပါ ပဲ။ အရမ်းပွဲအကြီးကြီးတော့ မ ဟုတ်ဘူး။ Featuring က ပေါလ် အော်စတင်ပါမယ်’’ဟု ၎င်းက ပြောသည်။ ဖျော်ဖြေပွဲမှ ရရှိသည့် အ ကျိုးအမြတ်များကို မြန်မာနိုင်ငံ ရွက်လှေအသင်း အားကစားသ မားများအား လှူဒါန်းရန် အစီအ စဉ်ရှိကြောင်း ၎င်းကဆိုသည်။ ‘‘ပေါလ်နဲ့လည်း The Voice ပြီးကတည်းကမဆုံဖြစ်တာလည်း ကြာပြီဆိုတော့။ ညီလေးအား လား၊ အားရင် အစ်ကိုနဲ့လာဆိုပါ ဆိုတော့ လာဆိုဖြစ်တဲ့သဘော ပါ’’ဟု ပေါလ်အော်စတင် ပါဝင် ဖြစ်သည့်အကြောင်း Rဇာနည် က ပြောသည်။ ယင်းဖျော်ဖြေပွဲမှာ သုံးနာရီ ခန့်ကြာမြင့်မည်ဖြစ်ပြီး ပွဲအဖွ...
  • မန်ယူအသင်းကို နည်းပြဆိုးလ်ရှား၏ ပဲ့ကိုင်မှုဖြင့် အကယ်ဒမီထွက်ကစားသမား များ၊ ကမ္ဘာ့အဆင့်လူသစ်ကစား သမားများဖြင့် ဆက်လက်တည် ဆောက်မည်ဖြစ်ကြောင်း အသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အဒ်ဝုဒ်ဝါ့ဒ် က ပြောကြားသည်။ မန်ယူသည် အင်္ဂါနေ့က ၎င်း တို့၏ ဒုတိယသုံးလပတ် ဘဏ္ဍာ ရေးရလဒ်များကို ကြေညာပြီး ကြော်ငြာမှဝင်ငွေ ၇ ရာခိုင်နှုန်းတိုး လာကာ လည်ပတ်မှုအမြတ်ငွေ ၁၇ ရာခိုင်နှုန်းကျဆင်းမှုအဖြစ် ပေါင် ၃၆ ဒသမ ၅ သန်းသို့လျော့ ကျ၍ အသားတင်အကြွေး ၂၃ ရာ ခိုင်နှုန်းမြင့်တက်လာသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူများ နှင့် အွန်လိုင်းမှဆွေးနွေးရာတွင် ဝုဒ်ဝါ့ဒ်က အသင်းအင်အားဖြည့် တင်းရေး ကတိကို အလေးထား ပြောကြားသည်။ မန်ယူသည် ယူရိုပါလိဂ် (၃၂) သင်းအဆင့် ဒုတိယအ ကျေ...
  • ဒဏ်ရာရထားသော ဘယ်လ်ဂျီယံတိုက်စစ်မှူး ဟာ ဇက်ယခုရာသီအတွင်း ဘောလုံး ပြန်ကစားနိုင်ဦးမည်လားဆိုသည် ကို သေချာမသိဟု ရီးရဲလ်နည်းပြ ဇီဒန်းက ပြောကြားသည်။ ပေါင် ၈၉ သန်းတန် ကနဦး သဘောတူညီချက်ဖြင့် ဇွန်လက ချယ်လ်ဆီးမှ ရီးရဲလ်သို့ ရောက် လာသော ဟာဇက် (၂၉) နှစ် သည် စနေနေ့က လီဗန်တေးကို ၁-၀ ဂိုးဖြင့် ရှုံးသောလာလီဂါပွဲ တွင် ခြေချင်းဝတ်အရိုးကျိုးဒဏ် ရာရရှိခဲ့သည်။ ၎င်းသည် အလားတူဒဏ်ရာ တစ်ခုပျောက်ကင်းပြီးနောက် ပြန် ကစားသော ဒုတိယမြောက်ပွဲတွင် ထပ်မံဒဏ်ရာရခြင်းဖြစ်သည်။ ‘‘သူ့ရဲ့ဘောလုံးရာသီပြီးပြီ လားဆိုတာ ကျွန်တော်မသိဘူး။ သူခွဲစိတ်ကုသဖို့လိုမလားလည်း ကျွန်တော်မသိဘူး။ သူမပျော်တာ ကိုတော့ ကျွန်တော်မြင်နိုင်ပါ တယ်’’ဟု ဇီဒန်းကြေ...
  • တရုတ်နိုင်ငံကို မှီခိုနေရ သော အထည်အလိပ်နှင့် အထည် ချုပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ကုန်ကြမ်းပစ္စည်းများ COVID-19 ကြောင့် ပြည်တွင်းလုပ်ငန်းရှင် များ ကုန်ကြမ်းပြတ်လပ်မှုဒဏ် ရင်ဆိုင်နေရ၍ အထည်ချုပ်လုပ် ငန်းရှင်များအသင်းနှင့် နှစ်ပတ်အ တွင်း အစည်းအဝေးပြုလုပ်မည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ပြောသည်။ ‘‘ကုန်ကြမ်းတွေက ပြောနေ ကြတာ မတ်လကုန်လောက်ဆို ပြည်တွင်းမှာ ကုန်ပြီပေါ့။ ဒါနဲ့ ပတ်သက်လို့ ကုန်ကြမ်းရအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ ဆွေးနွေးမယ်။ သူတို့ရဲ့ လိုအပ် ချက် အခြေအနေကို အသေးစိတ် သိဖို့ တွေ့ဖို့ဆောင်ရွက်နေ တယ်’’ဟု ဦးခင်မောင်လွင်က ပြောသည်။ တရုတ်န...