စိန်ခေါ်မှုများနှင့်၂၀၁၈

၂၀၁၈ သတင်းလူသား

လူတိုင်းအတွက် နှစ်တစ်နှစ်တွင် ၃၆၅ ရက်စီရှိခဲ့သော်လည်း နေထိုင်ဖြတ်သန်းမှု၊ အသုံးချမှုပုံစံချင်းမတူညီကြပါ။ တစ်ဦးချင်းစီ၏တစ်နေ့ချင်းအပြုအမူ၊ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်၊ စွမ်းဆောင်မှုများအပေါ်တွင် မူတည်၍ အောင်မြင်သူ၊ ကျရှုံးသူ၊ ထင်ရှားသူ၊ မထင်ရှားသူ၊ ရဲရင့်သူ၊ သူရဲဘောကြောင်သူစသဖြင့် လူအမျိုးမျိုးကိုဖြစ်တည်စေခဲ့သည်။၂၀၁၈ တွင် မြန်မာနိုင်ငံ၌ ထင်ရှားသူ၊ ပြည်သူများ၏အာရုံကိုဖမ်းစားခဲ့သူ၊ လွှမ်းမိုးခဲ့သူ များစွာရှိခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များစွာထဲမှ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို 7Day News ဂျာနယ်၏ ၂၀၁၈ ခုနှစ်အတွက် ထင်ရှားသူ၊သတင်းလူသား (Person of the Year) အဖြစ် ရွေးချယ်လိုက်ပါသည်။


ဒုရဲမှူးမိုးရန်နိုင်

၂၀၁၈ အတွင်း 7Day Daily ဝက်ဘ်ဆိုက်၏ လူကြည့်အများဆုံး သတင်းခုနစ်ပုဒ်

၂၀၁၈ တစ်နှစ်တာအတွင်း 7Day Daily ၀က်ဘ်ဆိုက်သို့ ၀င်ရောက်ဖတ်ရှုမှု အများဆုံး သတင်းနှင့်ဆောင်းပါး ခုနစ်ပုဒ်ကို စာဖတ်ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါသည်။ 
 

ပြုပြင်ပြောင်းလဲမှုများကြားက တုံ့ဆိုင်းနေဆဲ စီးပွားရေး

၂၀၁၈ သည် အစိုးရက စီးပွားရေးကို အာရုံစိုက်၍ ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်သော်လည်း လက် တွေ့တွင် တိုးတက်မှုနည်းပြီး နိုင်ငံ့စီးပွားရေးတုံ့ဆိုင်းသော နှစ်တစ် နှစ်ဖြစ်ခဲ့သည်။ 

 ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲလုပ်ခြင်း၊ စီးပွား ရေးဝန်ကြီးဌာနများ တိုးချဲ့ဖွဲ့စည်းခြင်း၊ မူဝါဒများ အပြောင်းအလဲ ပြုလုပ်ခြင်းတို့ဖြင့် စီးပွားရေးနာမ ကျန်းမှုကို ကုစားရန် ကြိုးစားခဲ့ သော်လည်း ရခိုင်ပြည်နယ်ပြဿ နာ၏ရိုက်ခတ်မှု၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှု၊ အစိုးရက စီမံကိန်း များ ချထားဆောင်ရွက်မှုမရှိခဲ့ ခြင်း စသည်တို့ကြောင့် ၂၀၁၈ မြန်မာ့စီးပွားရေးသည် တုံ့ဆိုင်းခဲ့ ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

အယ်ဒီတာ့အာဘော်

မကြာသေးမီလပိုင်းက ကြုံခဲ့သည့် မြန်မာသုံးကျပ်ငွေတန်ဖိုး ကျ ဆင်းမှုကြီးသည် ယခင်အစိုးရများလက်ထက်ကဖြစ်ခဲ့ပါက  ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ ရဟန်း၊ ပြည်သူများ ၏ ဆန္ဒပြပွဲကြီးများဖြင့် အစိုးရအကြီးအကျယ် အကျပ်ဆိုက်မည့် အခြေအနေပင်ဖြစ်သည်။ သို့သော် ငွေကြေးဖောင်းပွမှုကြောင့် ကုန် ဈေးနှုန်းကြီးမားမှုကို ခါးစည်းခံခဲ့ရသော ပြည်သူများသည် ပြည်သူ့ အစိုးရ၏အခက်အခဲကို စာနာနားလည်စွာဖြင့်ပင် ခက်ခဲသောကာလ များကိုအစိုးရနှင့်အတူ ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် လက်ရှိအစိုးရ၏ ယခုနှစ်အတွင်းနည်းပါးလှသော အောင်မြင်မှုအချို့တွင် ပြည်သူများ ၏ စာနာနားလည်မှုနှင့် ထောက်ခံမှု ယခင်အစိုးရအဆက်ဆက်နှင့် မနှိုင်းယှဉ်သာအောင် ရရှိထားသည့်အချက်သည် ထိပ်ဆုံးမှပင်ပါဝင် သည်ဟု သုံးသပ်ပါသည်။

၂၀၁၈ ရက်စွဲမှတ်တမ်း

ဇန်နဝါရီ

၂ ရက်- ရခိုင်စည်ပင်ဝန်ကြီး ဦးမင်းအောင်အား တာဝန်မှရပ်စဲကြောင်း ပြည်နယ်လွှတ်တော်က အတည်ပြုသည်။ 

၅ ရက်- မကွေးတိုင်းအလုပ်သမားဝန်ကြီး ဦးနေမျိုးကျော် နုတ်ထွက်စာ တင်သည်။

၉ ရက်- ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်။ 

၁၀ ရက်- အင်းဒင်သုသာန်မှ အလောင်းများသည် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ရွာသားအချို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။ 

ကမောက်ကမ ၂၀၁၈

နိုင်ငံပိုင်သတင်းစာက ရေကာတာကြံ့ခိုင်တယ်လို့ ထုတ်ပြန်အပြီး နောက်ရက်မှာကျိုး

မိုးကောင်း၍ ရေကြီးရေလျှံမှုများဖြစ်ပွားနေသော မိုးရာသီကာလအတွင်း ၂၀၁၈ သြဂုတ် ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ တွင် သတင်းတစ်ပုဒ်ပါလာသည်။ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ် သိုင်းဝကျေးရွာအုပ်စု ဥယျာဉ်မှူးကျေးရွာအထက်ဘက်ရှိ ဆွာ ချောင်းတမံကို ဆည်မြောင်းတာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီး ကြံ့ခိုင်ကောင်းမွန်၍ စိုးရိမ်ဖွယ်ရာမရှိဟူသည့်သတင်း။ ထိုသတင်းပါပြီး  နောက်တစ်ရက် သြဂုတ် ၂၉ ရက်နံနက်တွင် ထိုတမံကျိုးလေသည်။  ဆွာရေကာတာရေပိုလွှဲ မြေသားတမံကျိုးကျမှုကြောင့် စုစုပေါင်းကိုးဦး ခန့် သေဆုံးခဲ့သည်။ ကျေးရွာ ၈၅ ရွာမှ လူ ၆၀,၀၀၀ ကျော် ရေဘေးကြုံပြီး လယ်ဧကတစ်သိန်းကျော် ထိခိုက်ပျက်စီးခဲ့လေသည်။ ထိုကဲ့သို့ ကမောက်ကမသတင်းအတွက် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်တောင်းပန် ခြင်း၊ ပြင်ဆင်ချက်ထည့်သွင်းခြင်းမျိုး မတွေ့ရပေ။

၂၀၁၈ နိုင်ငံတကာ ပြောစကားများ


‘‘တစ်ခုခု ဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်။ တစ်စုံတစ်ခုပြောင်းလဲ နေတယ်။ ပြီးတော့ အဲဒါဟာ ထပ်ပြီးပြောင်းလဲလိမ့်မယ်။ အဲဒါဟာ နောက်ပြောင်လိမ်လည်တာလို့ ကျွန်တော် မထင်မိဘူး။ ခြားနားမှုတစ်ခု ရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒါဟာ လူတွေလုပ်လို့ ဖြစ်တယ်လို့ ကျွန်တော် သိမထားဘူး’’

သဘာဝဘေးက ပုံမှန်နှိပ်စက်ခဲ့သောနှစ်

ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်ခြိမ်းခြောက် မှု ခံနေရသည့် မြန်မာနိုင်ငံတွင် ၂၀၁၈ ကုန်ဆုံးရန် ရက်ပိုင်းအလို၌ လည်း အချိန်အခါမဟုတ် မိုးရွာ သွန်းမှုများဖြင့်ပင် နှစ်ဟောင်းကို နှုတ်ဆက်ရန်ပြင်နေသည်။ ကမ္ဘာ ပေါ်တွင် ရာသီဥတုဖောက်ပြန်မှု   တတိယ အဆိုးဆုံးခံနေရသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် ၂၀၁၈ သည် ရာသီဥတုဖောက်ပြန် မှုနှင့် အစွန်းရောက်ရာသီဥတုဒဏ် ကိုခံခဲ့ရသော နှစ်ဖြစ်သည်။ ပွာတို ရီကိုနှင့် ဟွန်ဒူးရပ်စ်တို့သာ မြန်မာ ထက် ပိုဆိုးသည်။

နှစ်စဉ် ကြုံတွေ့နေကျဖြစ် သော ပိုမိုအစွန်းရောက်ပြင်းထန် လာသည့် လေပြင်းနှင့် မိုးကြိုး အန္တရာယ်၊ မုန်တိုင်းအန္တရာယ်၊ မြစ်ရေကြီးခြင်းအန္တရာယ်၊ ငလျင်  အန္တရာယ်တို့ကြောင့် ၂၀၁၈ အ တွင်း လူသေဆုံးထိခိုက်မှုနှင့် အ ဆောက်အအုံ ပျက်စီးမှုများက ယခင်နှစ်များထက်မလျော့ခဲ့ပေ။ 

သမ္မတအပြောင်းအလဲနှင့် မဏ္ဍိုင်သုံးရပ်အရွေ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရ သက်တမ်း (၂)နှစ်ပြည့်လုပြည့်ခင်တွင် သမ္မတအပြောင်းအလဲကို ပြုလုပ်ခဲ့ သည်။ အမျိုးသားစာဆိုကြီး မင်းသုဝဏ်၏သား သမ္မတ ဦးထင်ကျော်နေရာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အစားထိုးခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထိုင်ခုံပေါ်မှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်သူ ဦးဝင်းမြင့်ကို နိုင်ငံ့ဦးသျှောင်နေရာသို့ တင်မြှောက်လိုက်ခြင်းအပေါ် ပြည်သူအများစု က သဘောကျနှစ်ခြိုက်ခဲ့ပြီး အစိုးရအဖွဲ့အတွင်း သိသာသည့် အရွေ့များ  ဖြစ်ပေါ်စေခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို ၂၀၁၈ မတ်လ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့သည်။ 

ရုန်းကန်ခဲ့ရသော မြန်မာ့ခရီးသွား

၂၀၁၈ တွင် မြန်မာနိုင်ငံ သည် ရခိုင်ပြည်နယ် မငြိမ်သက်မှု အခြေ အနေများကြောင့်  နိုင်ငံတကာမှ ဖိအားအများအပြားကို ကြုံတွေ့ခဲ့ ရပြီး အနောက်ဥရောပနိုင်ငံများမှ ခရီးသွားကျဆင်းမှုဒဏ်ကို သိ သာစွာခံခဲ့ရသည်။ 

ယမန်နှစ်က ခရီးသွားဝင် ရောက်မှုနှုန်းကို ပြည့်မီစေရန် အရှေ့မျှော်မူဝါဒဖြင့် ကြိုးစား၍ ရုန်းကန်ကုစားနေရသည့် နှစ်တစ် နှစ်ဖြစ်ခဲ့သည်။

Pages

Subscribe to RSS - စိန်ခေါ်မှုများနှင့်၂၀၁၈