Life

  • Thu 20 Feb 2020 - 20:36
    ဒီရုပ်ရှင်ကို ကျွန်တော်ကြည့် တာသုံးခါရှိပြီ။ ပထမတစ်ခါတုန်း ကတော့ သာမန်ကာလျှံကာပဲ။ ဇာတ်ကားကို အပေါ်ယံ ရှပ်ကြည့် လိုက်တာ။ အဲဒီတုန်းကတော့ ဇာတ်ရဲ့အနှစ်သာရကို သိပ်မသိ သေးဘူး။ ပြောရရင် ထမင်း၊ ဟင်း၊ အတို့အမြှုပ်တွေနဲ့ စုံလင် လှတဲ့ ထမင်းဝိုင်းကို ဗိုက်ဆာဆာ နဲ့ အလောတကြီး စားလိုက်ရသ လိုပဲ။ အရသာကောင်းမှန်းသိ
  • Wed 19 Feb 2020 - 19:44
    ဖေဖော်ဝါရီ တတိယပတ်၏ နံနက်ခင်းတစ်ခုတွင် ရန်ကုန် မြစ်၌ တစ်ဖက်ကမ်းမှ တစ်ဖက် ကို မမြင်နိုင်လောက်အောင် မြူများ ထူထပ်စွာကျဆင်းနေ သည်။ ထိုသို့ မြင်ကွင်းမရှင်းလင်း သဖြင့် ရန်ကုန်နှင့်ဒလကိုသင်္ဘော တစ်ကြောင်းသာ ပြေးဆွဲနိုင်သေး သည်။ ပုံမှန် ၁၀ မိနစ်တစ်ကြိမ်  သင်္ဘောနှစ်စီးဖြင့် အလှည့်ကျ ပြေးဆွဲနေရာမှ မြူများကြောင့် နာရီဝက်ကြာရပ်ထားနားရ၏။
  • Wed 19 Feb 2020 - 14:17
    ဘတ်စ်ကား တစ်စီးပေါ် တက်လိုက်သည်နှင့် သူလှုပ်ရှားရမည့် ‘သားကောင်’မှာ မည်သူဖြစ်နိုင်သည်ဆိုခြင်းကို သူ့အတွေ့အကြုံအရ ‘ကိုကုလားမ’ သိနှင့်နေပြီ။ ထိုသို့ သိလိုက်သည်နှင့် သူတို့အဖွဲ့က နှိုက်မည့်သူ၏ရှေ့မှ ကာ သူကကာ၊ ဘေးနားကပ်သူကပ် ဖြင့် အရိပ်အယောင်ပြကြရသည်။ ပြီးလျှင်တော့ အယောင်ပြသူက တစ်ယောက်၊ အမှန်တကယ် နှိုက်ယူလိုက်သူက တစ်ယောက်။
  • Wed 19 Feb 2020 - 12:03
    ဝါးဒေါက်တိုင်လေးများအပေါ်တွင် စိမ်းစိမ်းစိုစို ရှိခဲ့ဟန်တူသည့် အရွက်အချို့က ညှိုးခြောက်နေသည်။ အရွက်များသည် ငွားငွားစွင့်မနေတော့။ လူတစ်ယောက် ခြေကုန်လက်ပန်းကျကာ မှိုင်တွေနေသလို အရွက်ဖျားတွေက မြေကြီးဆီ ငိုက်စိုက်ကျနေသည်။ အရွက်များ၏အောက်ခြေ လူတစ်ကိုယ်စာဝင်ရာ လမ်းလေးတွင်တော့ အဝါရောင် အသီးအချို့က မြေပေါ်တွင် ပြန့်ကျဲလျက်။ အချို့အသီးများမှာမူ ကွဲအက်ကာ ပြားချပ်နေလေသည်။
  • Fri 14 Feb 2020 - 19:47
    အချိန်က နေ့လယ် ၁၂ နာရီခန့်ဖြစ်၏။ လက်ထဲ   ကိုင်ထားသည့် ဖုန်းစခရင်ကိုကြည့်လိုက်၊  ရှေ့တူ ရူမှစုံတွဲအချို့ကို  လှမ်းကြည့်လိုက်ဖြင့်    ရဲမင်းနောင်ဆို သည့်လူငယ်တစ်ဦး စိတ်လှုပ်ရှား လျက်ရှိနေသည်။ သူရောက်နေ သည်က ရန်ကုန်မြို့အင်းလျား ကန်ပေါင်ရှိ အရိပ်ရအပင်ငယ် တစ်ခုအောက်မှ မြက်ခင်းပြင် ထက်ထိုင်နေခြင်းဖြစ်
  • Thu 13 Feb 2020 - 18:49
    ယနေ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်   ဖြစ်ပြီးတော့ ချစ်သူများနေ့ (Valentine’s Day) လို့လည်း လူသိများပါတယ်။ ဒီနေ့လေးမှာ ကိုယ်ချစ်ခင်ရ တဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူရည်းစားတွေနဲ့ အပြန်အလှန်လက်ဆောင် တွေပေးရင်း၊မုန့်အတူစားရင်း ရင်ထဲက ချစ်ခြင်းမေတ္တာတွေကို အချိန်ပေးပြီးဖော်ပြလေ့ ရှိကြတယ်။
  • Wed 12 Feb 2020 - 11:23
    မုံရွာ ရောက်တော့ နံနက် ၉ နာရီ ထိုးလုပြီ။ မန္တလေးကနေ ဆိုင်ကယ်ဖြင့် ထွက်လာတော့ နံနက် ၅ နာရီခွဲသာသာ။ မန္တလေး-မုံရွာ မိုင် ၈၀ ကျော်ခရီးက တကယ်တမ်း မနားတမ်းသွားလျှင် နှစ်နာရီခွဲခန့်သာကြာသည်။ တပို့တွဲလပြည့်နေ့နှင့် စနေနေ့တိုက်၍ လမ်းပေါ်တွင် ယာဉ်သွားယာဉ်လာများ သည်။ တရုတ်နိုင်ငံမှ အစပြုကာ နိုင်ငံတော်တော်များများ ကူးစက်ပြန့်ပွားနေသည့် ဝူဟန် (ခ) ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူထူထပ်သည့်နေရာများ ရှောင်ရန် ညွှန်ကြား အသိပေးထားသော်ငြား အသွားအလာမပြတ်။ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ် သက်၍ အခြေခံလူတန်းစားအချို့ ကို ရောဂါဖြစ်လာမှာ မကြောက် ဘူးလားဟု မေးကြည့်ဖူးသည်။ အများစုအဖြေကတော့ ဖြစ်လည်း ခံရုံပေါ့နှင့် ကံ၊ ကံ၏ အကျိုးအ တိုင်းပဲဟု ဖြေကြသည်။ မြန်မာ ပြည်က ပြည်သူများအနေဖြင့် ဒုက္ခပေါင်း သောင်းခြောက် ထောင်က နှိပ်စက်လွန်းလှ၍ အရေထူသွားပုံရလေသည်။ သို့ သော် ဗိုင်းရပ်စ်ကို ကာကွယ်သည့် အနေဖြင့် နှာခေါင်းစည်းတပ်ကာ သွားလာနေသူများလည်း တွေ့ရ သည်။
  • Wed 12 Feb 2020 - 11:01
    စိတ်ဆိုးမာန်ဆိုးဖြင့် ပြေးလွှားနေသော အမြင့်ခုနစ်ပေခွဲခန့်ရှိ တောဆင်ရိုင်းတစ်ကောင် နောက်သို့ သေနတ်တစ်လက်ကိုင်ရင်း ကိုထွန်းဇင်ခိုင် ပြေးလိုက်သွားသည်။ တောရှုပ်နေသေး၍ ပစ်ခွင့်မရသေး။ ပစ်ကွင်းကောင်းမည့် အ နေအထားကို အခွင့်သင့်သလို ချောင်းမြောင်းနေခဲ့သည်။
  • Thu 06 Feb 2020 - 19:59
    ခရီးသွားတယ်ဆိုရာမှာ အနှောင်အဖွဲ့ကင်း ကင်းနဲ့  စိတ်လွတ် ကိုယ်လွတ်တစ်ဦးတစ်ယောက် ချင်း၊  စိတ်တူကိုယ်တူလက်တွဲ ဖော်၊ သူငယ်ချင်းအဖော်အပေါင်း တွေ၊ မိသားစုတွေ၊ ဆွေမျိုးတွေ နဲ့သိုက်သိုက်ဝန်းဝန်း သွားလေ့ရှိ ကြပါတယ်။
  • Wed 05 Feb 2020 - 11:46
    ယုလှိုင်တို့ သားအမိစီးလာတဲ့ အမှတ် (၃၁) ဒိုင်နာဘတ်စ်ကားကြီးဟာ မန္တလေးမြို့ ဈေးချိုနာရီစင်ကြီးနားကနေ ၂၆ ဘီလမ်းလို့လည်းခေါ်တဲ့ အာဇာနည်လမ်းမ ကြီးပေါ်ကွေ့ကာ အနောက်ဘက် ပိုက်ကျုံးဘက်ဆီ ဦးတည်ဆင်း လာတယ်။  ဈေးချိုတော်ဖွင့်ရက်မို့ ၂၆ ဘီလမ်းပေါ် ရှုပ်လိုက်တာမှ။ ကား၊ ဆိုင်ကယ်တွေရဲ့ အင်ဂျင်သံတွေ၊ ဟွန်းသံတွေ တတီတီ တပွမ်ပွမ် ဆူညံနေတာတောင် ယုလှိုင်ရင်ခွင်ထဲမှာ ပွေ့ထားတဲ့  (၁)နှစ်နဲ့ (၂)လသား၊ သမီးလေးသီရိကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့ကောင်းနေတယ်။
  • Sat 01 Feb 2020 - 21:08
    ရုတ်တရက်အိပ်ရာမှ နိုး လာစဉ် ပတ်ဝန်း ကျင်တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် စိတ်ထဲတစ်မျိုး ဖြစ်သွားရသည်။ နံနက်အစော ပိုင်းတွင် ကြားနေကျ လေချွန်ငှက် (သူ့အသံက လေချွန်သံနှင့် တူသ ဖြင့် မိသားစုဝင်များက လေချွန် ငှက်ဟု အလွယ်ခေါ်ခြင်းဖြစ်) အ သံလေးမှလွဲ၍ မည်သည့်အသံမျှ မကြားရ။
  • Wed 29 Jan 2020 - 09:52
    နေအိမ် ဧည့်ခန်းအတွင်း ဝင်လိုက်သည်နှင့် ဖြူဆွတ်နေသော မုတ်ဆိတ်ကျင်စွယ်များဖြင့် လူကြီးတစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။ သူ့ဘေးနားရှိ ကုလားထိုင်ထက်၌ ဖုန်များတက်ကာ ပိုးမျှင်များ ယှက်သန်းနေသည့် ဂစ်တာထည့်ထားသော အိတ်တစ်လုံးက ထောင်လျက် အနေအထားဖြင့် နေရာယူထားသည်။ အိတ်၏ အရောင်မှာလည်း ဝါကြန့်ကြန့်ဖြင့် ဖုန်မှုန့်ရောင် ထွက်နေ၏။
  • Wed 29 Jan 2020 - 09:44
    တစ်စုံတစ်ယောက်က အဘထက်အား အဘနာမည် ဘယ်လိုခေါ်လဲမေးလျှင် ဦးထက်ဟု ဖြေပါလိမ့်မယ်။ နာမည်အပြည့်အစုံကကောဟု ဆက်မေးလျှင် ‘‘ဦးထက်ပဲ’’ဟုသာ ဖြေသည်။ မေးသူက ‘‘ဟင်... မဟုတ်သေးဘူးလေ။ နာမည်အပြည့်အစုံမေးတာ။ အဘ ငယ်တုန်းကကော ဘယ်လိုခေါ်လဲ’’ဟု ပြောလျှင် အဘထက်က ပြန်စဉ်းစားသည်။ ပြီးမှ ငယ်အမည်ကို စဉ်းစားမိသွားပုံရသည်။ တွေးတွေးဆဆ စဉ်းစားရင်း သူ့ငယ်နာမည်ကို ပြောသည်။ ‘‘ငယ်ငယ်ကတော့ ကိုထက်ပေါ့’’တဲ့။ မေးသည့်သူ သူ့နဖူးကိုသူ လက်ဝါးနှင့် ဖပ်ခနဲရိုက်မိတော့သည်။
  • Thu 23 Jan 2020 - 19:32
    ‘ရှုတိုင်းလှ ကိုယ်သတိရ ဂျိန်းဖောဌာနေရယ် မလိခ မေခ နှစ်ဖြာစီးဆင်းယှက်သွယ်’ ကျွန်တော် အရမ်းကြိုက်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်း နာမည်လေးက ‘မြစ်ဆုံကို လွမ်း စိတ်မပြေ’ တဲ့...။
  • Wed 22 Jan 2020 - 10:37
    ဒေါ်အေးမြင့် တစ်ယောက် ညအိပ်ရာမဝင်မီ မပြုမဖြစ် ပြုနေကျ အလုပ်တစ်ခု ရှိပါသည်။ ဘုရားရှိခိုး မေတ္တာပို့ အမျှအတန်းပေးဝေပြီးနောက် အိပ်ရာဘေးရှိ လက်ကိုင်ဖုန်းလေးကို ဒေါ်အေးမြင့် ကောက်ကိုင်လေ့ရှိသည်။ ထိုလက်ကိုင် ဖုန်းလေးထဲကနေ အမြဲခေါ်လေ့ရှိသည့် နံပါတ်တစ်ခုကို လက်မလေးဖြင့် ဖိကာ ခေါ်တတ်သည်။ ဖုန်းဝင်သွားသော်လည်း  တစ်ခါတလေ တော်တော်နှင့်မကိုင်။ ဒေါ်အေးမြင့် မျက်နှာညှိုးသွားတတ်သည်။ ဖုန်းလေးကို ဘေးချကာ ခေါင်းအုံးပေါ် ခေါင်းချသော်လည်း အိပ်လို့မပျော်။ တစ်အောင့်လောက်နေတော့ ဖုန်းဝင်လာသည်။ သူစောစောက ဆက်လိုက်သည့်ဖုန်းက ပြန်ဝင်လာခြင်းဖြစ်သည်။ ဒေါ်အေးမြင့် ကောက်ကိုင်လိုက်သည်။ ကြားရသည်က ‘‘ဟယ်လို အမေ’’တဲ့။ ဒေါ်အေးမြင့် မျက်နှာရွှင်လန်းသွားလေ သည်။ 
  • Thu 16 Jan 2020 - 18:54
    ဒီဇင်ဘာလ၏ နောက်ဆုံး ရက်နေရောင်မပွင့် တပွင့်   အချိန်တွင် နံနက်ခင်း   ဆောင်းလေအေး အေးက ၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံထား၏။ အေးမြသော ရာ သီဥတုကြား နေရာလေးတစ်ခု တွင်တော့ သက်ဝင်လှုပ်ရှားဖို့ တာဆူနေကြသည်။
  • Wed 15 Jan 2020 - 10:49
    ချင်းတွင်း မြစ်ရေသည် အေးဆေး တည်ငြိမ်စွာ စီးဆင်းလျက်ရှိ သည်။ ဇန်နဝါရီလဆန်း ဆောင်း တွင်းကာလမို့ ည ၁၁ နာရီအချိန် သည် မြစ်ဆိပ်တွင် တိတ်ဆိတ် လွန်းလှသည်။ မြစ်အတွင်း ကျေး ရွာလေးတစ်ရွာဖြစ်သော ဆင် ခြေရာကျေးရွာလေးသည်လည်း ဆောင်းညမှာ အိပ်မောကျလျက် ရှိသည်။ သို့သော် ကောင်းကောင်း အိပ်လို့မပျော်သည်က ဒေါ်ကြီး ဆွေနုဖြစ်သည်။ သည်ည သူ့သမီး လေး မမွှေး ရွာပြန်ရောက်တော့ မည်။ ဟိုးအဝေး မလေးရှားနိုင်ငံ ကြီးကနေ သမီးလေး မမွှေး ပြန် လာပြီ။ သည်ည သမီးလေး အမေ့ ဆီ ပြန်ရောက်တော့မည် ဖြစ်သည်။  ဆင်ခြေရာကျေးရွာလေး သည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် တည်ရှိပါသည်။ ဆင်ခြေရာရွာ သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်ကြား ကျွန်းပေါ်ကျေးရွာလေး တစ်ရွာပင်ဖြစ်သည်။ ထိုကျေးရွာ လေးတွင် မမွှေး နေထိုင်ပါသည်။ မမွှေး၏ အမည်ရင်းမှာ မအိအိဖြိုး ဖြစ်သည်။ အသက် (၂၅)နှစ်ကျော်အသားဖြူဖြူ၊ လူလုံးလှလှ မမွှေး သည် အမည်ရင်းထက် ငယ်မည် မမွှေးသာ လူသိများသည်။
  • Thu 09 Jan 2020 - 19:26
    စစ်ပွဲများကြောင့် မိဘများ သေဆုံးကာ ကွဲကွာခဲ့သော မောင် နှမနှစ်ယောက် ပြန်လည်ဆုံတွေ့ ကြပုံ နှစ်မိနစ်ကျော် ဇာတ်လမ်း အား သရုပ်ဖော်တင်ဆက်နေ သည်ကို ကြည့်ရှုသူပရိသတ်တို့ မျက်ရည်လည်ရွှဲဖြစ်ရ၏။
  • Wed 08 Jan 2020 - 10:40
    တွင်းအချိန် ဖြစ် သည့် အပြင် အခါလွန်မိုးကလည်း ရွာထားသဖြင့် ဟန်လင်းမြို့ဟောင်း လမ်းဘေးဝဲ၊ ယာတစ်လျှောက် မှိုင်းညို့နေသည်။ ကျွန်တော်တို့အဖွဲ့ Express ကားလေးတစ်စီးဖြင့် မန္တလေးမြို့ကနေ စစ်ကိုင်း၊ ၀က်လက်နယ်ရှိ ရှိမ်းမကား၊ ဟန်လင်း၊ ဆရာကြီးရွှေဥဒေါင်း၏ မန်ကျည်းတုံရွာတို့ ကို အလည်အပတ်ခရီး ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ ရာသီဥတုက အခါလွန်မိုး ရွာထားသော်လည်း ခရီးစဉ်က စီစဉ်ပြီးသားဖြစ်နေသဖြင့် ကျွန်တော်တို့အဖွဲ့ထွက်လာခဲ့ကြသည်။ ရှိမ်းမကားမှာ မိုးတွေတဖွဲဖွဲရွာသည်။ သို့သော် အဆင်ပြေသည်။ ဘာမှမဖြစ်။
  • Thu 02 Jan 2020 - 19:34
    ‘ကမ္ဘာမြေကြီးက စာအုပ် တစ်အုပ်ပါ။ ခရီးမသွားသူတွေက တော့ စာမျက်နှာတစ်မျက်နှာသာ ဖတ်နိုင်ပါတယ်’’ ကျွန်တော်နှစ်သက်တဲ့ ခရီး သွားဆိုရိုးစကားတစ်ခုပါ။ ခရီး သွားခြင်းရဲ့ အကျိုးကျေးဇူးကို ဖော်ညွှန်းထားတာဖြစ်ပါတယ်။

Pages

Subscribe to Life