မူဆယ်သို့ ရောက်နေသည်ဆိုသည့် ၀ူဟန်မြို့သားလေးဦးအနက် တစ်ဦးကို တရုတ်နိုင်ငံ၌ ပြန်တွေ့

အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ခံထား ရသည်ဟု သံသယရှိ၍ ရှာဖွေ ထိန်းသိမ်းပေးရန် တရုတ်ဘက် က တောင်းဆိုထားသော ၀ူဟန် မြို့သား လေးဦးအနက် တစ်ဦးကို တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့က အလိုရှိ နေသူ လေးဦးအနက် တစ်ဦးကို တရုတ်နိုင်ငံတွင်ပင် ပြန်လည်တွေ့ရှိပြီဆိုသည့် သတင်းကို တရုတ် နိုင်ငံ ရွှေလီရဲဌာနက မူဆယ်ခရိုင် ရဲတပ်ဖွဲ့သို့ ဖေဖော်ဝါရီ ၁၂ ရက် တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

‘‘ပြန်တွေ့တာ  ဟုတ်ပါ တယ်။ ရွှေလီရဲဌာနကနေ မူဆယ် ရဲဌာနဆီ တရားဝင်စာပို့လိုက်ပါ တယ်’’ ဟု ရွှေလီမြို့ပြည်သူ့အစိုး ရ ပြည်ပရေးရာဌာန ဒုတိယဌာ နမှူး ဦးထွန်းဝေက ပြောကြားသည်။

အထက်ပါ အမျိုးသားအပါ အ၀င် တရုတ်က အလိုရှိနေသူ ၀ူဟန်မြို့သား ငါးဦး(အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး) ရှိ ခဲ့ပြီး ၎င်းတို့အားလုံးသည် ကိုရို နာဗိုင်းရပ်စ် ကူးစက်ခံထားရဖွယ် ရှိကာ မူဆယ်တွင် ရောက်ရှိနေ သည်ဟု တရုတ်နိုင်ငံ ရွှေလီရဲဌာ နက မူဆယ်ခရိုင်ရဲတပ်ဖွဲ့ထံ ဖေ ဖော်ဝါရီ ၆ ရက်တွင် သတင်းပေး ပို့ခဲ့သည်။

တရုတ်ဘက်က အကြောင်း ကြားသည့်စာတွင် ကိုရိုနာဗိုင်း ရပ်စ် အဆုတ်ရောင်ရောဂါပိုးကူး စက်ခံထားရသည်ဟု သံသယရှိ သော ၀ူဟန်မြို့သားငါးဦးသည် ရွှေလီမှတစ်ဆင့် မူဆယ်သို့ရောက် နေပြီး မြန်မာနိုင်ငံ၌ ရောဂါကူး စက်နိုင်၍ ကြိုတင်ကာကွယ်ရန် နှင့် အကြောင်းကြားခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။ ၎င်းတို့ငါး ဦးကို ကူညီစုံစမ်းထိန်းသိမ်းပေး ရန် တွေ့ရှိပါက တရုတ်ဘက်သို့ လွှဲပြောင်းပေးရန် တိုက်တွန်းထား သည်။ ထို့အပြင် မတွေ့သေးမီ ရောဂါကူးစက်မခံရစေရေး ဂရု စိုက်ရန် သတိပေးထားသည်။

သတင်းစတင်ပေးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်တွင် တရုတ် အမျိုးသမီးတစ်ဦးကို ကြူကုတ် ပန်ဆိုင်းမြို့၌ တွေ့ခဲ့ပြီး တရုတ် ဘက်သို့ တရားဝင်လွှဲပေးခဲ့သည်။ လက်ရှိတွင် အမျိုးသား သုံးဦး လွတ်မြောက်နေဆဲဖြစ်ပြီး အား လုံးသည် တရုတ်နိုင်ငံတွင်ပင် ရှိနေနိုင်ကြောင်း မူဆယ်ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက မှတ်ချက်ပြု ထားသည်။

ဖေဖော်ဝါရီ ၆ ရက်က ပြန်လည်တွေ့ရှိသည့် အမျိုးသမီးသည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ အစောပိုင်းကတည်းက ရောက်ရှိနေပြီး နေထိုင်ခွင့်သက်တမ်းတိုး ၍ တရားဝင်နေထိုင်သူဖြစ်ကာ ကျန်းမာရေး ကောင်းကြောင်း မူဆယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုး ဇော်နှင့် ရဲတပ်ဖွဲ့က ပြောကြားထားသည်။ တရုတ်က ပြန်တွေ့ခဲ့သည့် အမျိုးသား၏ အ ခြေအနေကိုမူ မသိရသေးပေ။