လာမည့်ရွေးကောက်ပွဲတွင် လူငယ်မဲဆန္ဒရှင်များ တက်တက်ကြွကြွဖြင့်မဲပေးရန် ဦးကိုကိုကြီး တိုက်တွန်း

လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် လူငယ်မဲဆန္ဒရှင် များအနေဖြင့် တက်တက်ကြွကြွ မဲပေးရန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက တိုက်တွန်းပြော ကြားသည်။


ဖေဖော်ဝါရီ ၁၂ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်သည့် ပြည်သူ့ပါတီ ရှမ်းပြည်နယ်ရုံး ဖွင့်ပွဲအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးကိုကိုကြီးက အ ထက်ပါအတိုင်း ပြောသည်။

‘‘အထူးသဖြင့် လူငယ်မဲဆန္ဒ ရှင်တွေရော၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေရော ရွေးကောက် ပွဲမှာ တက်တက်ကြွကြွနဲ့ မဲပေးပါ လို့ ပြောချင်တယ်’’ဟု ဦးကိုကို ကြီးက ပြောသည်။

ထိုသို့ တိုက်တွန်းပြောဆိုရ ခြင်းသည် အချို့လူငယ်များ၏ စိတ်တွင် မဲပေးလည်း မည်သို့မျှ ထူးလာမည်မဟုတ်ဟု တွေးထင် နေပြီး နိုင်ငံရေးအပေါ် စိတ်ပျက် လာ၊ ယုံကြည်မှုနည်းလာသည့် သဘောမျိုးဖြစ်နေသည်ဟု ၎င်း ကပြောသည်။

‘‘အဲဒါဟာ ၀င်ပြိုင်တဲ့ နိုင်ငံ ရေးပါတီတွေအတွက်တင်မက ဘူး။ နိုင်ငံရေးတစ်ခုလုံးအတွက်၊ နိုင်ငံတစ်ခုလုံးအတွက် ဆုံးရှုံး တယ်လို့ ကျွန်တော်မြင်တယ်’’ဟု ဦးကိုကိုကြီးက ဆိုသည်။

ထို့အတွက် ပြည်သူတစ်ရပ် လုံး ရွေးကောက်ပွဲတွင် တက် တက်ကြွကြွဖြင့် မဲပေး၍ မိမိတို့ အားဖြင့် ပြောင်းလဲနိုင်မည်ဖြစ်ပြီး အားမလိုအားမရစိတ်ဖြစ်ပေါ်မှု ကို ငါးနှစ်တစ်ကြိမ် ပြောင်းနိုင် သည်ဟု ဦးကိုကိုကြီးက ပြော သည်။

သို့သော် မိမိမဲပေးရွေးချယ် သူသည် ပေါ်ပြူလာဖြစ်၊ လူ ကြိုက်များခြင်းထက် မိမိတို့ဒေသ အကျိုး ပြောတတ်ဆိုတတ်သည့် အရည်အချင်း၊ နိုင်ငံရေးဖြတ် သန်းမှုရှိသူ၊ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းရှိသူဖြစ်ရမည်ဖြစ် ပြီး ကိုယ်စားလှယ်လောင်းအမည် မသိသူကို မဲပေးခြင်းမျိုးမဖြစ်ရန် လိုသည်ဟု ဦးကိုကိုကြီးက ဆို သည်။

ပြည်သူ့ပါတီသည် တိုင်းနှင့် ပြည်နယ်များတွင် ပါတီရုံးခွဲ ၆၀ ကျော် ဖွင့်လှစ်ထားပြီး မြို့နယ်ရုံး ခွဲ ၂၀၀ ကျော် ဖွင့်လှစ်ထားသည်။