တောမီးလောင်ရာမှ ကျေးရွာသို့ မီးကူးခဲ့သဖြင့် အိမ်ခြေ ၇၀ ခန့် ဆုံးရှုံး

မီးလောင်မှုကြောင့် နေအိမ်များအပြင် နွားတင်းကုပ်နှင့် သိုလှောင်ထားသည့် မြေပဲ၊ နှမ်း၊ စပါးများပါ ဆုံးရှုံးခဲ့သည်။ (ဓာတ်ပုံ − ဦးကျော်စွမ်းရည်)

မကွေးတိုင်း၊ မင်းဘူး - စကုမြို့နယ်အတွင်းရှိ အိုးပြင်မဲ ကျေးရွာအနီးတောမီးလောင်ရာ မှ ကျေးရွာဘက်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး နေအိမ် ၆၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူကပြောသည်။

ဖြစ်စဉ်သည် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး တောမီးမှ ရွာတောင် ဘက်နွားတင်းကုပ်ပေါ်သို့ မီး    ပွားကျ၍ မီးကူးစက်လောင်ကျွမ်း  ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

‘‘ရွာကလည်း တစ်ခြမ်းနီးပါး  လောက် ကုန်သွားတာပေါ့ဗျာ’’ ဟု ၎င်းကဆိုသည်။

ရွှေစက်တော်ဘုရားပွဲတော်  ချိန်တွင် ဘုရားဖူးများအပန်းဖြေ ရာနေရာဖြစ်သည့် ဆည်တော်နှင့်   အနီးကပ်ဆုံးရွာမှ မီးလောင်ကျွမ်း ခဲ့သဖြင့် ယင်းနေရာတွင် နားနေ  သည့် ဘုရားဖူးများ၊ ကားများပိတ်ဆို့ခဲ့ကြောင်း ဘုရားဖူးခရီးသည် ဒေါ်မူမူသက်က ပြောကြားသည်။

‘‘ရွှေစက်တော်မှာ ဘုရား  ဖူးပြီးရင် ဆည်တော်မန်းချောင်း  ဘေးမှာလည်း ဘုရားဖူးတွေက ၀င်နားကြတာရှိတယ်။ မီးလောင်  တဲ့ရွာက ဆည်တော်အ၀င်လမ်း ဆိုတော့ မီးတွေကလည်းတအား   လောင်နေတာမြင်ရတယ်။ကား တွေလည်း ထွက်လမ်းပိတ်ဆို့ သွားသလိုဖြစ်သွားတော့ တော် တော်ကို ထိတ်လန့်ကုန်ကြတယ်’’ ဟု ၎င်းကဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ကို မကွေးတိုင်းမီးသတ်၊ မင်းဘူး   - စကုမြို့နယ် မီးသတ်၊ ရွှေစက် တော်ဘုရားပွဲမီးသတ်၊ ထောက် ရှာပင်နှင့် မင်းဘူးမြို့နယ်သစ် တောမီးသတ်ရေယာဉ်များနှင့် ဒေသခံများ ၀ိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၆ နာရီတွင် မီးငြိမ်းခဲ့ ကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။

 ယင်းမီးလောင်ကျွမ်းမှု  ကြောင့် နေအိမ်များအပြင် နွား တင်းကုပ်နှင့် သိုလှောင်ထား သည့် မြေပဲ၊ နှမ်းနှင့် စပါးများပါ မီးလောင်ဆုံးရှုံးပြီး မီးဘေးသင့် ပြည်သူ ၂၆၈ ဦးရှိခဲ့ကာ ၎င်းတို့ မှာ ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးများ  အိမ်တို့တွင် မှီခိုနေထိုင်လျက် ရှိကြောင်း ၎င်းက ပြောကြားသည်။