သီပေါမြို့ပြင်ခရီးစဉ်အချို့ကို ကန့်သတ်ထားမှု ပယ်ဖျက်ပေးရန် တင်ပြ

သီပေါမြို့ပြင်ပရှိ ခရီး စဉ် ၁၁ ခုခန့်ကို ကန့်သတ်ဧရိ ယာမှ ပယ်ဖျက်ပေးရန် ရှမ်းပြည် နယ်အစိုးရအဖွဲ့ထံ တင်ပြထား ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ရှမ်းမြောက် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်များတွင် နိုင်ငံခြားသားများ အတွက် မြို့တွင်းခရီးစဉ်ကိုသာ ခွင့်ပြုထားပြီး မြို့ပြင်ခရီးစဉ်များ ကို လုံခြုံရေးအရ ပြည်ထဲရေးဝန် ကြီးဌာနက သွားလာခွင့် ကန့် သတ်ထားသဖြင့် ဟိုတယ်နှင့်ခရီး သွား ညွှန်ကြားမှုဦးစီးဌာနက ပြည်နယ်အစိုးရထံ တင်ပြထား ခြင်းဖြစ်သည်။

‘‘အမှန်တကယ် လုံခြုံစိတ်ချ ရတဲ့နေရာတွေကို ရွေးပြီး ကန့် သတ်ဧရိယာ ဖြေလျှော့ဖို့ပါ’’ဟု ၎င်းကဆိုသည်။

ယခုအခါ နိုင်ငံခြားသားများ သွားလာနေသော ချောင်းဆုံ၊ Little Bagan စသည့် သီပေါမြို့ ပြင်ခရီးစဉ် ၁၁ ခုခန့်ကို ကန့် သတ်ဧရိယာမှ တရားဝင်ဖြေ လျှော့မှသာ ခရီးသွားကုမ္ပဏီများ က ခရီးစဉ်ထည့်သွင်းရောင်းချနိုင် မည်ဖြစ်ကြောင်း ဦးသက်လင်း ကပြောသည်။

‘‘သီပေါမြို့က ခရီးသွားဝင် ရောက်မှုနဲ့ ရပ်တည်နေတာ။ ခွင့် ပြုပေးနိုင်တဲ့ အနေအထားဖြစ်ရင် ခရီးသွားလုပ်ငန်းအတွက် အ ထောက်အကူဖြစ်တာပေါ့ဗျာ’’ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် သီပေါ ဒေသသို့ တစ်နှစ်လျှင် ပြည်တွင်း ပြည်ပခရီးသွား နှစ်သောင်းကျော် လာရောက်လည်ပတ်ကြောင်း ဟို တယ်နှင့်ခရီးသွား ညွှန်ကြားမှုဦး စီးဌာန ရှမ်းမြောက်ရုံးခွဲက ထုတ် ပြန်ထားသည်။

More in Local News Section