အေအက်ဖ်စီဖလား ပွဲစဉ်(၁) အကောင်းဆုံးသွင်းဂိုး ဆန်ခါတင်စာရင်းတွင် မောင်မောင်ဝင်းဂိုး ပါဝင်

 အေအက်ဖ်စီဖလား ပြိုင်ပွဲ အုပ်စု ပွဲစဉ်(၁) တစ်ပတ် တာအကောင်းဆုံးသွင်းဂိုးဆန်ခါ တင်စာရင်းတွင် ရန်ကုန်ယူနိုက် တက်ကွင်းလယ်လူ မောင်မောင် ဝင်း၏ သွင်းဂိုး ပါဝင်နေသည်။

ဖေဖော်ဝါရီ ၁၁ ရက်က ရန် ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ် ပြိုင်သည့် အုပ်စု(စ) အဖွင့်ပွဲစဉ် ရန်ကုန်အသင်းနှင့် ဗီယက်နမ် ကလပ် ဟိုချီမင်း အသင်းပွဲတွင် နှစ်ဂိုးစီသရေကျခဲ့သည်။ ယင်းပွဲ စဉ် ပွဲချိန် ၁၈ မိနစ်၌ ရန်ကုန် အသင်း ကွင်းလယ်ကစားသမား မောင်မောင်ဝင်းက ဂိုးဧရိယာ အပြင်ဘက်မှ အဝေးကန်ချက်ဖြင့် ဟိုချီမင်းစီးတီးအသင်းဘက်သို့ သွင်းယူခဲ့သည့် ဂိုးသည် တစ်ပတ် တာ အကောင်းဆုံးသွင်းဂိုး ဆန် ခါတင်စာရင်းတွင် ရွေးချယ်ခံရ ခြင်းဖြစ်သည်။

အကောင်းဆုံးသွင်းဂိုး ဆန် ခါတင်စာရင်းတွင် မောင်မောင် ဝင်း၏ သွင်းဂိုးနှင့်အတူ ကူဝိတ် ကလပ် ကူဝိတ်အက်ဖ်စီ ကစား သမား ဘူရာကီ၊ အင်ဒိုနီးရှား ကလပ် ဘာလီယူနိုက်တက် က စားသမား မာဗင်ပလက်ဂျီ၊ စင် ကာပူကလပ် ဟောင်ဂန်ယူနိုက် တက်ကစားသမား ပလာဇီဘက် တို့၏ သွင်းဂိုးများလည်း ပါဝင် သည်။အဆိုပါ အကောင်းဆုံးသွင်း ဂိုးကို ပရိသတ်များ၏ အွန်လိုင်း မဲပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ် ပြီး မည်သူမဆို အာရှဘောလုံး အဖွဲ့ချုပ်၏ ဝက်ဆိုဘ်တွင် ဝင် ရောက်မဲပေးနိုင်ကြောင်း ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန်ထား သည်။

အသက် (၂၉) နှစ်အရွယ် မောင်မောင်ဝင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ဇွဲကပင်မှ ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီး ရန်ကုန်အသင်း၏ ရာသီအစ ပွဲစဉ်တိုင်းတွင် ပွဲထွက်ခွင့်ရရှိ ကာ ခြေစွမ်းပြနေသည့် ကစား သမားတစ်ဦးဖြစ်သည်။

၂၀၂၀ အေအက်ဖ်စီဖလား အုပ်စု(စ)တွင် ရန်ကုန်အသင်း သည် ဗီယက်နမ်ကလပ် ဟိုချီမင်း စီးတီး၊ လာအိုကလပ် လာအိုတို ယိုတာအသင်း၊ စင်ကာပူကလပ် ဟောင်ဂန် ယူနိုက်တက်တို့နှင့် ကျရောက်နေသည်။

အုပ်စု (စ) အဖွင့်ပွဲစဉ်များ အပြီးတွင် စင်ကာပူကလပ် ဟောင်ဂန်ယူနိုက်တက်က ရမှတ် သုံးမှတ်ဖြင့် အုပ်စုထိပ်ဆုံး၌ ဦး ဆောင်ထားပြီး ဟိုချီမင်းစီးတီးနှင့် ရန်ကုန်အသင်းတို့က တစ်မှတ်စီ ဖြင့် ဒုတိယနှင့် တတိယနေရာ တွင် ရပ်တည်နေသည်။ လာအို တိုယိုတာအသင်းက ရမှတ်မရ သေးဘဲ အုပ်စုအောက်ဆုံး၌ ရပ်တည်နေသည်။