ဘန်းကန်အကျဉ်းစခန်းတွင် အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ရာမှတစ်ဦးသေဆုံး

ရပ်စောက်မြို့နယ်ရှိ ဘန်းကန်အကျဉ်းစခန်းတွင် အ ကျဉ်းသားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။


လူသတ်မှုဖြင့် ထောင် ၁၀ နှစ်ကျခံနေရသည့် အကျဉ်းသား လှဆင့်နှင့် မုဒိမ်းမှုဖြင့်ထောင်ရှစ် နှစ်ကျခံနေရသည့် အကျဉ်းသား ဇော်ထူးတို့နှစ်ဦးသည် ဖေဖော်ဝါ ရီ ၁၁ ရက်က အကျဉ်းစခန်းရှိ စာ ဖိုဆောင်၌ စကားများရန်ဖြစ်ခဲ့ ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြ သည်။

ထို့နောက် လှဆင့်က စားဖို ဆောင်အတွင်းရှိ ထင်းခွဲရန်ထုတ် ပေးထားသော ရဲတင်းဖြင့်ဇော်ထူး ကို ခုတ်ခြင်းဖြစ်သည်။ ဇော်ထူး သည် ဦးခေါင်းဒဏ်ရာရရှိ၍ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသနေစဉ် ရရှိသော ဒဏ် ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ် ဖွဲ့က ပြောသည်။

‘‘သူတို့အချက်အပြုတ်ကိစ္စ နဲ့ ပတ်သက်ပြီး စကားများရန် ဖြစ်ကြတယ်လို့ ကနဦးစစ်ဆေးသိ ရပါတယ်။ ရန်ဖြစ်ပြီး ကျူးလွန်တဲ့ အကျဉ်းသားက အနီးမှာရှိတဲ့ ရဲတင်းနဲ့ ခုတ်သတ်ခဲ့တာပါ’’ဟု ရပ်စောက်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ် မှုကျူးလွန်သူ အကျဉ်းသားကို ရပ်စောက်မြို့မရဲစခန်းက လူ သတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားသည်။