အခွင့်အရေးများ အသုံးမချနိုင်၍ ဖိလစ်ပိုင်ကလပ်ကို ရှုံးနိမ့်ခြင်းဖြစ်ကြောင်း ရှမ်းနည်းပြချုပ်ဆို

အေအက်ဖ်စီဖလားပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် ဖိလစ်ပိုင်ကလပ်ခါယားအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

 အေအက်ဖ်စီဖလား ပြိုင်ပွဲ ဖိလစ်ပိုင်ကလပ် ခါယား အသင်းနှင့်ပွဲတွင် ရရှိသည့်အခွင့် အရေးများ အသုံးမချနိုင်၍ ရှုံးနိမ့် ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းအသင်း နည်းပြချုပ် ဦးအောင်နိုင်က ပြော သည်။

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ် ပြိုင်သည့် ယင်းပြိုင်ပွဲ အုပ်စု (ဇ) အဖွင့်ပွဲတွင်  မြန်မာလိဂ် လက်ရှိ ချန်ပီယံ ရှမ်းအသင်းသည် ဘော လုံးပိုင်ဆိုင်မှု အသာစီးရခဲ့သော် လည်း အဆုံးသတ် အားနည်းမှု ကြောင့် ခါယားအသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဒုတိယပိုင်း တွင် ရှမ်းအသင်းက ဂိုးရရန် အခွင့်အရေးများရရှိသော်လည်း တိုက်စစ်မှူးများ အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။

‘‘အသင်းက  ဒဏ်ရာရကစား သမားတွေ ရှိနေတဲ့အတွက် လူမ စုံဘူး ဖြစ်နေတယ်။ မြန်မာလိဂ်မှာ ကစားတဲ့ ခြေစွမ်းကောင်းမျိုး မရ ခဲ့ဘူး။ လေးဂိုးလောက်ရနိုင်တဲ့ အနေအထားမျိုး ဖြစ်ခဲ့ပေမယ့် ဂိုးတစ်ဂိုးမှ မရခဲ့ဘူး။ လိုအပ်ချက် တွေရှိနေတယ်။ အဆုံးသတ်အား နည်းချက်တွေကိုလည်း ပြင်ဆင် ရပါမယ်’’ဟု ရှမ်းအသင်းနည်းပြ ချုပ် ဦးအောင်နိုင်က ပွဲအပြီးတွင် ပြောသည်။

ရှမ်းအသင်းအနေဖြင့် အုပ်စု အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့၍ လာမည့် ပွဲစဉ်များတွင် ရလဒ်ကောင်း ပြန် လည်ရရှိရန် ကြိုးပမ်းမည်ဖြစ် ကြောင်း ဦးအောင်နိုင်က ဆို သည်။

ရှမ်းအသင်းသည် ၂၀၂၀ အေအက်ဖ်စီဖလား အုပ်စု(ဇ)တွင် စင်ကာပူကလပ် တန်ပိုင်း ရိုဗာ၊ ဖိလစ်ပိုင်ကလပ် ခါယား၊ အင်ဒိုနီးရှားကလပ် မာကာဆာ အသင်းတို့နှင့် ကျရောက်နေ သည်။ အုပ်စု (ဇ) အဖွင့်ပွဲစဉ်များ အပြီးတွင် ခါယားနှင့် တန်ပိုင်း ရိုဗာ အသင်းတို့ ရမှတ်သုံးမှတ်စီ တူညီနေသော်လည်း ဂိုးကွာခြား ချက်သာသည့် ခါယားအသင်းက အုပ်စုပထမနှင့် တန်ပိုင်းရိုဗာက ဒုတိယနေရာတွင် ရပ်တည်နေ သည်။  ရှမ်းအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းနှင့် အဝေး ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ် သည်။