အုပ်ချုပ်မှုစနစ်ကောင်းတစ်ခု အစပြုခြင်း

‘ ..... လေယာဉ်ထဲဝင်ဖို့ (တက်ဖို့) သွားတော့ လေယာဉ် မှူးကြီးတွေက လေယာဉ်ခေါင်း ခန်းထဲကနေ လက်ယမ်းပြကြ တယ်။ သူတို့လည်း ကိုယ့်မြန်မာ ပြည်သူ၊ ပြည်သား မောင်နှမတွေ ကို လာခေါ်ရတာ ပျော်နေကြတာ နေမှာ။ ကိုယ်တွေလည်း လက် ပြန်ယမ်းပြရတာ ကိုယ့်မိဘလာကြိုလို့ ပျော်ရသလိုမျိုးပဲ။ ပျော်တယ်ဆိုတာလေ။ အပျော်ဆုံးပဲ။ အ ပေါ့ပါးဆုံးခြေလှမ်းတွေနဲ့ လေ ယာဉ်ပေါ်တက်ရတာ အရသာရှိ လိုက်တာ ..... ’

ထိုစာပိုဒ်လေးသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အစပြုရာမြို့ လည်းဖြစ်၊ ကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက် အများ ဆုံးမြို့လည်းဖြစ်သော ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသော ကျောင်းသူ ကျောင်း သား ၅၉ ဦးထဲမှ ကျောင်းသူတစ် ဦးက အိမ်အပြန်ခရီးတွင် ဖြစ်ပေါ် လာသော သူမ၏ စိတ်ခံစားမှုများ ကို လူမှုကွန်ရက်ပေါ်တွင် ထုတ် ဖော်ရေးသားခဲ့သည့် စာစုထဲမှ စာ ပိုဒ်တစ်ပိုဒ်ဖြစ်သည်။

ထို ကျောင်းသူ၊ ကျောင်း သားများကို အထူးလေယာဉ်ဖြင့် ဝူဟန်မြို့သို့ သွားရောက်ခေါ် ဆောင်မည်ဆိုသည့်သတင်းတွေ ကြားရ၊ ဖတ်ရတော့ ကိုယ့်နား၊ ကိုယ့်မျက်စိကိုပင် မယုံချင်။ ထို ကျောင်းသူ ကျောင်းသားများကို သွားရောက်ခေါ်ဆောင်သည့် အ ထူးလေယာဉ် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာပြီဖြစ်ကြောင်း၊ ကျောင်းသူ ကျောင်းသားများ ကန်တော်နဒီဆေးရုံကို ရောက်ရှိ ကြပြီဖြစ်ကြောင်း စသည့် စသည့် သတင်းတွေ ဆက်တိုက်ဆိုသလို ကြားနေ၊ ဖတ်နေရသော်လည်း မယုံဝံ့ဝံ့ ယုံဝံ့ဝံ့ဆိုသလို ဖြစ်နေဆဲ ပင်။

ထို ကျောင်းသူ ကျောင်း သားများ၏ အိမ်အပြန်ခရီးနှင့်ပတ် သက်၍ လူမှုကွန်ရက်တွင်လည်း ကောင်း၊ နေ့စဉ်ထုတ်သတင်းစာ များတွင်လည်းကောင်း ဓာတ်ပုံ များ၊ ဗီဒီယိုများ၊ ပုံနှိပ်စာလုံးများ ဖြင့် တွေ့မြင်ဖတ်ရှုနေရသည့်တိုင် အဘယ်ကြောင့် မယုံဝံ့ဝံ့ ယုံဝံ့ဝံ့ ဖြစ်နေရပါသနည်း။ ကိုယ့်ကိုယ် ကိုယ် နားမလည်နိုင်အောင်ဖြစ် ရသည်။ ထိုသို့  ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင် ဖြစ်နေရ သော်ငြားလည်း အန္တရာယ်ကြား တွင် နေခဲ့ရသော မြန်မာကျောင်း သူ ကျောင်းသားများကတော့ အမိမြေပေါ်တွင် ခြေစုံရပ်နေနိုင် ကြပြီ ဖြစ်သည်။

အမှန်အတိုင်းဝန်ခံရလျှင် အစိုးရက ကိုယ့်တာဝန်ကိုယ်သိ ပြီး အန္တရာယ်ကြားရောက်နေ သော ကိုယ့်နိုင်ငံသားများကို အ ထူးလေယာဉ်ဖြင့် ခေါ်ထုတ်ကယ် တင်သည်ဆိုသည့်ကိစ္စမှာ ဘ၀ တွင် တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ ဖူးသောကိစ္စဖြစ်သည်။ လွန်ခဲ့ သော ရာစုနှစ်ဝက်လောက်ကို ပြန်ကြည့်လျှင် အစိုးရအပြောင်း အလဲများ၊ စနစ်အပြောင်းအလဲ များရှိခဲ့သည်ကို အားလုံး တွေ့ မြင်သိရှိ ခံစားခဲ့ကြရပြီးဖြစ်သည်။ မည်သည့်အစိုးရ၊ မည်သည့်စနစ် များ ပြောင်းလဲလာခဲ့သည်ဖြစ်စေ နိုင်ငံသားတို့၏ လူမှုဘ၀ကို တန် ဖိုးထားခြင်း၊ လေးစားခြင်းတို့ မရှိ ခဲ့ပေ။ တန်ဖိုးထားရကောင်းမှန်း၊ လေးစားရကောင်းမှန်း မသိကြ တာလည်းဖြစ်နိုင်သည်။ ကိုယ့် တာဝန်ကိုယ် မသိကြတာလည်း ဖြစ်နိုင်သည်။ မကောင်းသည့်စ နစ်တစ်ခုကို ဆိုးမွေအဖြစ်ခံယူ ရင်း လက်ဆင့်ကမ်းခဲ့ကြတာ လည်းဖြစ်နိုင်သည်။ သေချာသည် က မည်သည့်အစိုးရကမျှ နိုင်ငံအ တွင်း၊ အပြင်ရှိ နိုင်ငံသားတို့၏ လူမှုဘ၀ကို မည်သည့်အချိန်ကမျှ တန်ဖိုးထား လေးစားမှုမရှိခဲ့ကြ ခြင်းဖြစ်သည်။

အခုတော့ အစိုးရအဆက် ဆက်၏ ‘ဆိုးမွေလက်ဆင့်ကမ်း အစဉ်အလာ’သည် နိဂုံးကမ္ပတ် အဆုံးသတ်သွားပြီဖြစ်သည်။ ထို အဆုံးသတ်မှုသည် ဝူဟန်မှ မြန် မာကျောင်းသူ ကျောင်းသားများ ကို အထူးလေယာဉ်ဖြင့် အမိမြေ သို့ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ ခြင်းကြောင့်ဟုဆိုသည်ထက် ထို သို့ ပြန်လည်ခေါ်ဆောင်ရန် ဆုံး ဖြတ်ခဲ့သည့် အစိုးရ၏ ရဲဝံ့ပြတ် သားသောဆုံးဖြတ်ချက်၊ ထိုဆုံး ဖြတ်ချက်ကို လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် အကောင် အထည်ဖော်ခဲ့ကြသော ၀န်ကြီး ဌာနများနှင့် ဒေသဆိုင်ရာအစိုးရ တို့၏ လုပ်ဆောင်ချက်၊ ဝူဟန်မှ မြန်မာကျောင်းသူကျောင်းသား များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူတို့၏ အားပေးထောက်ခံ မှုစသည့် ဟန်ချက်ညီညီ ပေါင်း စည်းလုပ်ဆောင်နိုင်မှုက အစိုးရ အဆက်ဆက်၏ ‘ဆိုးမွေလက် ဆင့်ကမ်းအစဉ်အလာ’ကို အဆုံး သတ်သွားစေခဲ့ခြင်းဖြစ်သည်ဟု ဆိုပါက ပို၍မှန်ပေလိမ့်မည်။

ထိုသို့ နိုင်ငံအတွင်း၊ အပြင် ရှိ နိုင်ငံသားများ၏ လူမှုဘ၀ကို တန်ဖိုးမထားခဲ့ကြသော အစိုးရ အဆက်ဆက်၏ ‘ဆိုးမွေလက် ဆင့်ကမ်းအစဉ်အလာ’ အဆုံး သတ်သွားသည့်အချိန်နှင့်တစ် ပြိုင်နက်မှာပင် နိုင်ငံသားတို့၏ လူမှုဘ၀ကို တန်ဖိုးထားလေးစား သော ‘အုပ်ချုပ်မှုစနစ်ကောင်း တစ်ခု အစပြု’လာခဲ့ပြီဖြစ်သည်။ သို့သော် ထို အုပ်ချုပ်မှုစနစ် ကောင်းသည် ယခုတစ်ကြိမ် တည်းနှင့် ပြီးမသွားစေရန်၊ ယခု နေရာတွင်ပင် ရပ်တန့်မသွားစေ ရန်၊ မြန်မာတည်သမျှ တည်တံ့နေ ရန် လိုအပ်သည်။ ထိုသို့ စနစ် ကောင်းတစ်ခု ထာဝရတည်တံ့ရန် အစိုးရ၊ ပြည်သူ ဟန်ချက်ညီညီ ပေါင်းစည်းကြိုးပမ်းကြရမည်ဖြစ် သည်။

‘ ..... နိုင်ငံတကာအလယ် မှာ မြန်မာဆိုတာ ပြလိုက်တာပဲ။ အတူတူရွှေ့ရင် ရွေ့တယ်ဆိုတာ ပြလိုက်တာပဲ။ ပြည်သူတွေရဲ့ ကြိုဆိုမှု၊ အစိုးရရဲ့ နိုင်ငံသားတွေ အပေါ် တာဝန်ကျေပွန်မှုတွေ ပေါင်းပြီး၊ စုပေါင်းပြီးတွန်းလိုက် တာ ရွေ့သွားတယ်။ အများကြီး ရွေ့သွားတယ်။ ကမ္ဘာနဲ့ချီပြီး ရွေ့ သွားတယ်’ဟု ဝူဟန်မှ အိမ်အ ပြန်ခရီးအပေါ် ဖြစ်ပေါ်လာသော စိတ်ခံစားမှုကို လူမှုကွန်ရက်ပေါ် တွင် ထုတ်ဖော်ရေးသားခဲ့သော ကျောင်းသူလေးက သူမ၏ ခံစား မှုစာစုတွင် ထည့်သွင်းရေးသားခဲ့ သည်။

(ဆောင်းပါးရှင် ဇော်ထွဋ်မောင် သည် မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားသူဖြစ်သည်။)