မီလန်ဒါဘီတွင် ညှစ်ထုတ်ကစားရသောကြောင့် နာပိုလီကို ရှုံးခြင်းဖြစ်ဟု အင်တာနည်းပြရှင်းလင်း

ပြီးခဲ့သည့်သီတင်းပတ်က မီလန်ဒါဘီပွဲတွင် ခွန်အားညှစ် ထုတ်ကစားခဲ့ရသောကြောင့် ကို ပါအီတာလီယာဖလား အကြို ဗိုလ်လုပွဲ ပထမအကျော့၌ နာပို လီကို ရှုံးခြင်းဖြစ်ကြောင်း အင် တာမီလန်နည်းပြကွန်တီက ရှင်း လင်းသည်။


တနင်္ဂနွေညက လာလီဂါပွဲ တွင် အင်တာသည် အေစီမီလန် ကို ပထမပိုင်းနှစ်ဂိုးပြတ်ရှုံးရာမှ ဒုတိယပိုင်းတွင် လေးဂိုးသွင်း၍ အနိုင်ယူခဲ့သည်။

သို့သော် အင်တာသည် ဖေ ဖော်ဝါရီ ၁၂ ရက်က ကိုပါအီတာ လီယာ ဖလားအကြိုဗိုလ်လုပွဲ ပထမအကျော့အဖြစ် အိမ်ကွင်း တွင် နာပိုလီကို လက်ခံယှဉ်ပြိုင် ပြီး ၁-၀ ဂိုးဖြင့် ရှုံးခဲ့သည်။

‘‘မီလန်ဒါဘီပွဲမှာ ကျွန်တော် တို့ ခွန်အားတွေအများကြီးစိုက် ထုတ်ခဲ့ရပါတယ်။ ဒါကြောင့် နာ ပိုလီနဲ့ပွဲမှာ ကစားသမားတွေလန်း ဆန်းတက်ကြွစေဖို့ အေစီနဲ့ပွဲက လူစာရင်းကို ငါးနေရာအပြောင်း အလဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ နာပို လီဟာ ဒီရာသီမှာ လီဗာပူး၊ လာ ဇီယို၊ ဂျူဗင်တပ်တို့ကို အနိုင်ယူပြ ခဲ့တယ်။ ဒါကဘာကိုဆိုလိုလဲဆို တော့ သူတို့မှာ အရည်အသွေးရှိ တယ်ဆိုတာပါ။ စီးရီးအေမှာ ဂျူ ဗင်တပ်ပြီးရင် နာပိုလီက လူစာ ရင်းအတောင့်တင်းဆုံးလို့ ကျွန် တော်ပြောရလိမ့်မယ်’’ဟု ကွန်တီ က ပြောသည်။ နာပိုလီအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်က စီးရီး အေတွင် လက်ချီကို ၃-၂ ဂိုးဖြင့် ရှုံးပြီးနောက် ယခုကဲ့သို့နိုင်ပွဲရရှိ ခြင်းဖြစ်သည်။

၂၀၁၄ က အီတာလီယာ ဖလားနောက်ဆုံးဗိုလ်စွဲသော နာ ပိုလီသည် အဝေးကွင်းတွင် အ နိုင်ရသောကြောင့် ဗိုလ်လုပွဲတက် ရန် အခွင့်အရေးအနည်းငယ်သာ ရပြီး ဒုတိယအကျော့ကို မတ်လ ၅ ရက်၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

—Ref: Livescore/AFP