သင်္ဃန်းကျွန်း လူသတ်မှု တစ်ရက်အတွင်း ဖမ်းမိ

သင်္ဃန်းကျွန်းမြို့နယ် YBS (၃၉) ဘတ်စ်ကားမှတ်တိုင် အနီးတွင် အမျိုးသားတစ်ဦး အ သတ်ခံရမှုမှ ကျူးလွန်သူကို တစ် ရက်အတွင်း ဖမ်းမိခဲ့ကြောင်း သု ၀ဏ္ဏနယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။


ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီက သံသုမာလမ်း YBS (၃၉) ဘတ်စ်ကားမှတ်တိုင်အနီးရှိ အ များပြည်သူသုံးသန့်စင်ခန်းရှေ့၌ အသက်(၂၈)နှစ်အရွယ် အမျိုး သားတစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းရာ သေဆုံးသူမှာ သင်္ဃန်း ကျွန်းမြို့နယ်နေ (၂၈)နှစ်အရွယ် အောင်ကိုကို ဖြစ်ကြောင်း စစ် ဆေးတွေ့ရှိသည်ဟု ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ထို့နောက် လူသတ်မှုကျူး လွန်သူကို လိုက်လံစုံစမ်းရာ ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ်နေ (၂၅)နှစ်အရွယ် အာကာဇော်မင်း ဖြစ်ကြောင်း စစ်ဆေးသိရသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် မြောက် ဒဂုံမြို့နယ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းရဲအရာရှိကပြောသည်။

အခင်းဖြစ်နေ့က အောင်ကို ကိုနှင့် အာကာဇော်မင်းတို့နှစ်ဦး မှာ စကားများရန်ဖြစ်ပြီး အာကာ ဇော်မင်းက အသင့်ယူဆောင်လာ သည့်ဓားဖြင့် အောင်ကိုကိုအား ထိုးပြီး ထွက်ပြေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

‘‘ကနဦးသိရတာကတော့ သူတို့ချင်း စကားများရန်ဖြစ်ပြီး တရားခံအမျိုးသားက ဓားနဲ့ထိုးခဲ့ တာပါ။ ဓားဒဏ်ရာတစ်ချက်ဆို ပေမယ့် သေစေလောက်တဲ့နေရာ ကိုထိသွားတဲ့အတွက် အခင်းဖြစ် နေရာမှာပဲ အောင်ကိုကိုက သေ ဆုံးခဲ့ပါတယ်’’ဟု ရဲအရာရှိကဆို သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အာ ကာဇော်မင်းကို သင်္ဃန်းကျွန်းမြို့ နယ် သုဝဏ္ဏနယ်မြေရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားသည်။