■ အားကစား သတင်းတိုများ

- စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဆီမီးဖိုင်နယ် ပထမအကျော့ တွင် ဘီဘာအိုက ဂရင်းနေဒါကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အီကာမူနီယာ အင်က အနိုင်ဂိုးသွင်းယူခဲ့သည်။

- ပီအက်စ်ဂျီက ဒီဂျွန်ကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပြင်သစ်ဖလား ဆီမီးဖိုင်နယ်သို့ သာသာယာယာတက်ရောက်သွားသည်။ ဒီဂျွန်ကစား သမားနှစ်ဦးကိုယ့်ဂိုးကိုယ်သွင်းခဲ့၍ ပီအက်စ်ဂျီအမြတ်ထွက်ခဲ့သည်။

- အေဂျက်ဇ်ကွင်းလယ်မှ တိုက်စစ်ကွင်းလယ်လူ ဟာကင်ဇီယက် သည် နွေရာသီတွင် ချယ်လ်ဆီးသို့ပြောင်းရွှေ့မည်ဖြစ်ကာ ကလပ်အ သင်းနှစ်ခုကြား မူအားဖြင့် သဘောတူညီထားကြောင်း နယ်သာလန်သ တင်းစာတစ်စောင်က ဖော်ပြသည်။

- တိုက်စစ်မှူး ဂျိုလင်တန်နှင့် မူတိုသည် ဒဏ်ရာများမှ သက်သာလာ ပြီး အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းနေပြီဟု နယူးကာဆယ်ကကြေ ညာပြီး တနင်္ဂနွေနေ့အာဆင်နယ်ကွင်းသို့ သွားကစားမည့်ပွဲမတိုင်မီ အသင်းအတွက် အားတက်စရာဖြစ်ခဲ့သည်။

- အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပထမဆုံးပါဝင်ကစားသော ဘာစီလိုနာ ဂန္ထဝင်အင်နီယေစတာက ပဉ္စလက်ဆန်သော ခြေစွမ်းပြသခဲ့ပြီး ၎င်း၏ ဗစ်ဆယ်ကိုဘေးက မလေးရှားမှ ဂျိုဟိုဒါရူလ်တာဇင်အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

- ရှန်ဟိုင်းရှင်ဟွာအသင်းမှ ပြောင်းလာသော မန်ယူတိုက်စစ်မှူးအစ် ဟာလိုသည် COVID-19 ဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခွင့်မရသေးဘဲ တစ်ဦးတည်းသီးခြားလေ့ကျင့်နေရသည်ဟု ဗြိတိန်မီဒီယာများကပြောသည်။