AA စစ်ဦးစီးချုပ်၏ ညီမနှင့်ယောက်ဖအမှု လွှတ်တော်သို့တင်သွင်းထားသည့် အရေးကြီးအဆိုတစ်ခု အပါအ၀င်သက်သေခံ သုံးခု စွပ်စွဲခံရသူများတင်သွင်း

AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ ရုံးထုတ်အပြီး အချုပ်ကားဖြင့် ခေါ်ဆောင်လာသည်ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ခွန်ယံ)

AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖအမှုကို ယမန် နေ့တွင် အနောက်ပိုင်းခရိုင်တရား ရုံး၌ ရုံးထုတ်စစ်ဆေးရာ လွှတ် တော်သို့တင်သွင်းထားသည့် အ ရေးကြီးအဆိုတစ်ခုအပါအဝင် သက်သေသုံးခုကို စွပ်စွဲခံရသူများ က တင်သွင်းခဲ့သည်။


ယမန်နေ့ရုံးချိန်းတွင် တရား လို ဒုရဲမှူးမင်းခိုင်အား တရားစွဲခံ ရသူဘက်က  ပြန်လှန်မေးမြန်းစစ် ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ၂၀၁၆က ပြည်သူ့လွှတ်တော် အ စည်းအဝေး၌ မိတ္ထီလာအမတ် ဒေါက်တာမောင်သင်း တင်သွင်း သည့် KIA, AA , TNLA နှင့် MNDAA  အဖွဲ့အားအကြမ်းဖက် အဖွဲ့အဖြစ်ကြေညာရန် အရေး ကြီးအဆိုကိုလွှတ်တော်သို့ တင် သွင်းခဲ့ရာ ယင်းအဆိုကို မဲခွဲဆုံး ဖြတ်ရာတွင် ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၄၄ မဲ၊ကြားနေ ခုနစ်မဲဖြင့် လွှတ်တော်က မှတ် တမ်းအဖြစ်သာ ထားရှိခဲ့သည်ကို သက်သေခံအဖြစ် တင်သွင်းခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် ပြည်ထောင်စု အစိုးရအတည်ပြုချက်ဖြင့် အ ကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအ ဖွဲ့မှ ARSA  အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာသည့် စာ တမ်းကိုလည်း သက်သေအဖြစ် တင်သွင်းခဲ့သည်။ နောက်တစ်ခု မှာ ကုလသမဂ္ဂလုံခြုံရေးကောင် စီက တာလီဘန်အယ်လ်ကိုင်ဒါ အဖွဲ့များကို အကြမ်းဖက်အဖွဲ့အ ဖြစ်ကြေညာသည့် စာတမ်းဖြစ် သည်။ ယင်းသက်သေခံ သုံးခုကို တရားရုံးက လက်ခံသည်။

အပြန်အလှန်မေးခွန်း မေး မြန်းရာတွင် တရားစွဲခံရသူဘက်မှ ရှေ့နေက AA အဖွဲ့သည် PC, NRPC တို့နှင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ရေးထိုးရန် ဆွေး နွေးနေသည့် အဖွဲ့တစ်ခုဖြစ်သည် ကို သိပါသလားဟု မေးမြန်းရာ သိပါသည်ဟု ပြန်လည်ဖြေဆိုခဲ့ သည်။

ထို့အပြင် မောင်မောင်စိုး နှင့် AA အဖွဲ့အားအစိုးရက အ ကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားခြင်းမရှိဟု ဆိုလျှင်မှန်ပါသ လားမေးရာ မှန်ပါသည်၊ မရှိပါဟု တရားလိုက ထွက်ဆိုခဲ့သည်။

ယခုအမှုကို တရားစွဲဆိုခြင်း သည် အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စွဲတင်ခြင်းဖြစ်သည်ဟု တရားလို ဒုရဲမှူးမင်းခိုင်က တရားခွင်အ တွင်းထွက်ဆိုသည်။

တရားစွဲခံရသူ၏ ရှေ့နေဦး အောင်ကျော်စိန်က ကိုမောင် မောင်စိုးကို မန္တလေးခရိုင်တရား ရုံးက၂၀၁၉ အောက်တိုဘာ ၈ ရက်တွင် တရားခံပြေးအဖြစ်စွဲ တင်ခြင်းဖြစ်ပြီး ကိုကျော်နိုင်နှင့် မောင်မောင်စိုးတို့ထိုင်းနှင့် လာအို နိုင်ငံတွင် တွေ့သည့်အချိန်သည် ၂၀၁၉ ဩဂုတ် ၂၈ ရက်ဖြစ်သဖြင့် တရားခံပြေး  မဖြစ်ခင်ကပင် တွေ့ခြင်းဖြစ်၍ အမှုမှထွက်ပြေး တိမ်းရှောင်နေသည့် တရားခံပြေး နှင့်တွေ့သည်ဟု ဆိုခြင်းမှာယုတ္တိ မရှိဟု ပြောသည်။

‘‘မောင်မောင်စိုးက AA အ ဖွဲ့ဝင်ဆိုရင် ဘယ်အဆင့်လဲ၊ ဘယ်ရာထူးလဲမေးခဲ့တယ်၊ သူမ ပြောနိုင်ဘူး။ မောင်မောင်စိုးကို လည်း အကြမ်းဖက်သမားအဖြစ်  ကြေညာထားတာမရှိဘူး။ မရှိဘဲ နဲ့ အကြမ်းဖက်သမားနဲ့ ဆက် သွယ်လို့ တရားစွဲတယ်ဆိုတဲ့ဟာ ကတော့ သဘာဝမကျဘူးပေါ့’’  ဟု ကိုကျော်နိုင်၏ရှေ့နေ ဦးအောင်ကျော်စိန်က  ပြောကြား သည်။

ထိုင်းမှ လာအိုသို့သွားသည် ဆိုသည်မှာလည်း ဗီဇာသက်တမ်း တိုးရန် တတိယနိုင်ငံသို့ အထွက် ပြခြင်းသာဖြစ်သည်ဟု ဦးအောင် ကျော်စိန်ကဆိုသည်။

ပြီးခဲ့သည့် ရုံးချိန်းတွင် ထိုင်း နှင့်လာအို ထောက်လှမ်းရေးမှပေး ပို့လာသည့် ဓာတ်ပုံနှစ်ပုံကို သက်သေခံအဖြစ် ယခုအဆင့် တွင် လက်ခံရန်မသင့်သဖြင့်သက် သေခံအဖြစ် လက်မခံကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ယခုအမှုတွင် တရားလိုပြ သက်သေ ၁၂ ဦးတင်ပြထားပြီး  ၎င်းတို့ကို ငါးလအတွင်းအပြီးစစ် ဆေးရန် လျာထားသည်ဟု  အ နောက်ပိုင်းခရိုင် တရားရုံးကပြော ထားသည်။ ယခုအမှုကိုအနောက် ပိုင်းခရိုင်တရားသူကြီး ဒေါ်ချိုချို မာနှင့် ဒုတိယခရိုင်တရားသူကြီး ဦးမြင့်စိန်တို့ တရားသူကြီးနှစ်ဦး ထိုင်ကာ ခုံရုံးဖွဲ့စစ်ဆေးသည်။

   ရခိုင်လက်နက်ကိုင်အဖွဲ့  (AA) ကို ကူညီထောက်ပံ့သည်ဆို ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဖြင့် ကိုကျော် နိုင်နှင့် မမိုးနှင်းဖြူတို့ကို သတင်းရဲ တပ်ဖွဲ့မှ ဒုရဲမှူးမင်းခိုင်က တရား လိုပြုလုပ်ခြင်းဖြစ်သည်။ ပုဒ်မ ၅၂ (က)အရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ  ချမှတ်ရမည့်အပြင် ငွေဒဏ် လည်းချမှတ် နိုင်သည်။

၂၀၁၉ စက်တင်ဘာအတွင်း မန္တလေးမြို့၌ AA နှင့် ပတ်သက် သည်ဆိုကာ ဖမ်းဆီးရမိသူများကို    အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပ  ဒေဖြင့် တရားစွဲဆိုထားသည့်အမှု တွင် တရားခံပြေးမောင်မောင်စိုး   ဆိုသူကို ကိုကျော်နိုင်က ငွေကြေး  ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့်  ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ ၁၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ပြန်လာ  သည့် ကိုကျော်နိုင်နှင့် လာကြိုသူ   ဇနီးမမိုးနှင်းဖြူတို့ကို ရန်ကုန်လေ   ဆိပ်တွင် ဖမ်းဆီးခဲ့သည်။