တရားဥပဒေစိုးမိုးမှုရှိရေး ရရှိအောင်ဆောင်ရွက်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီးသစ်ပြော

ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် (ဓာတ်ပုံ − ထက်အာကာကျော်)

မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုရှိရေးသည် အဓိကအရေးကြီးသဖြင့် ရရှိ အောင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောသည်။

ပြည်ထဲရေးဝန်ကြီးသစ် သည် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်၌ ယမန် နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) တွင် ကတိသစ္စာပြုခဲ့ပြီး လွှတ်တော်အ စည်းအဝေး ခေတ္တရပ်နားချိန်၌ သတင်းထောက်များအား ပြော ကြားခြင်းဖြစ်သည်။

‘‘တရားဥပဒေစိုးမိုးရေးက တော့ အဓိကစိန်ခေါ်မှုပေါ့။ အဲဒါ ကို ကိုယ်တို့က သေချာလုပ်ရမှာ ပေါ့။ ကိုယ်တို့နိုင်ငံမှာ တရားဥပ ဒေစိုးမိုးရေးက အဓိကအရေးကြီး တာကိုး။ ဒါတွေကိုရအောင် ဆောင်ရွက်ပေးရမှာပေါ့’’ဟု ဒုတိ ယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြော ကြားသည်။

လက်ရှိတွင် ဖော်ထုတ်နိုင် ခြင်းမရှိသည့် အမှုအခင်းများပြား နေသည့်အပေါ်လည်း  ‘‘အမှုက တော့ ရှိမှာပဲလေ။ အမှုရှိတာကို ရအောင်ဖော်ထုတ်ရမှာပေါ့’’ဟု ၎င်းကဆက်ပြောသည်။

တရားဥပဒေစိုးမိုးမှုရှိရန် ပြည်သူလူထုမပါဝင်ဘဲ လုပ် ဆောင်နိုင်မည်မဟုတ်ကြောင်း နှင့် အားလုံးပါဝင်လုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးသစ်က တိုက် တွန်းသည်။

‘‘ဘယ်အမှုဖြစ်ဖြစ် ကိုယ်က တော့ ခုနကပြောသလို ဥုံဖွဆို ပြီး ချက်ချင်းကြီးတော့ ဖော်ထုတ် လာမှာမဟုတ်ဘူး။ ကြိုးစား ဆောင်ရွက်သွားမှရမှာဖြစ်တယ်။ အဲဒါကို ဆောင်ရွက်သွားမှာဖြစ်ပါ တယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီးစိုး ထွဋ်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုရာတွင် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်ဟု ပြည် ထောင်စုဝန်ကြီးသစ်က ထည့် သွင်းရွတ်ဆိုသည်။

ထို့အပြင် ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် နိုင်ငံတော်၏တရားဥပ ဒေများကို ထိန်းသိမ်းစောင့် ရှောက်မည်ဖြစ်ကြောင်းနှင့် ၎င်း ထမ်းဆောင်ရမည့် တာဝန်ဝတ္တ ရားများကို ဖြောင့်မတ်မှန်ကန်စွာ ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် ထမ်းဆောင်မည်ဟု လေးနက်တည် ကြည်စွာကြေညာ ၍ ကတိသစ္စာပြုကြောင်း ပြည် ထောင်စုလွှတ်တော် နာယကရှေ့ မှောက်တွင်ရွတ်ဆိုသည်။

တပ်မတော်(ကြည်း) ဗိုလ် လောင်းသင်တန်း (OTS) အမှတ် စဉ် (၆၄) ဆင်း ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန် ကြီးအဖြစ် ခန့်အပ်ရန်ပြည်ထောင် စုလွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူပြီးနောက် ဖေဖော်ဝါ ရီ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်းကိုပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သည် ကွယ်လွန်သူဗိုလ်မှူးချုပ် လွန်းမောင်၏သားဖြစ်ပြီး တပ်မ တော်တွင် စစ်ဘက်ရေးရာလုံခြုံ ရေးအရာရှိချုပ် တာဝန်ကို ထမ်း ဆောင်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို မူလစစ်ဘက်တာဝန်များ ပြန် လည်ထမ်းဆောင်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဖေဖော်ဝါရီ ၄ ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။