ရှမ်းပြည်နယ်တွင် တစ်ရက်တည်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူနှစ်ဦး သေဆုံး

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ကားကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် (ဓာတ်ပုံ − MPA)

 ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို စီမံချက်ဖြင့် ဆောင်ရွက်နေစဉ် ယမန်နေ့က ရှမ်းပြည်နယ် တာချီလိတ်နှင့် ကျောက်မဲမြို့တို့တွင် သေနတ်ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားပြီး လူနှစ်ဦး သေဆုံးခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့သည်။ ဆန်ဆိုင်း (ခ)ရပ်ကွက် ထွန်းလင်း အောင်လမ်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ကားပေါ်မှ အမျိုးသား တစ်ဦးကို အခြားကားတစ်စီးပေါ် မှနေ၍ သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ် ဖွဲ့က ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသော အမျိုးသားသည် သေဆုံးခဲ့ပြီး နေ့ ခင်းကြောင်တောင် ပစ်ခတ်လုပ် ကြံမှုအပေါ် ဒေသခံများက စိုးရိမ် နေသည်။

အဆိုပါဖြစ်ရပ်မတိုင်မီက လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်စန်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီခန့်က ပစ်ခတ်မှုတစ် ခုဖြစ်ပွားခဲ့သည်။ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံ ရခြင်းဖြစ်ကြောင်း ကျောက်မဲမြို့ နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောသည်။

အထက်ပါ ပစ်ခတ်လုပ်ကြံ မှုနှစ်ခုစလုံးအတွက် တရားခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိ သေးဘဲ စုံစမ်းဖော်ထုတ်နေဆဲဖြစ် သည်။ တာချီလိတ်မြို့တွင် ဖေ ဖော်ဝါရီ ၁၂ ရက်ကလည်း ဟို တယ်တစ်ခုရှေ့ရှိ နတ်စင်မှ နတ် ရုပ်ကို ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

‘‘နေ့ထူးနေ့မြတ် နှစ်ရက်စ လုံးမှာ အခုလို ပစ်ခတ်မှုဆက် တိုက်ဖြစ်တာတော့ တော်တော်မ ကောင်းဘူး’’ဟု ဗိုလ်ချုပ်အောင် ဆန်းမွေးနေ့နှင့် ပြည်ထောင်စုနေ့ တွင် ဖြစ်ပွားသည့် သေနတ်ပစ် ခတ်မှုနှစ်ကြိမ်ကို ရည်ရွယ်၍ တာ ချီလိတ်မြို့ခံတစ်ဦးကပြောသည်။

တာချီလိတ်မြို့၌ လတ်တ လော ဒေသတွင်း တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့က ဦး ဆောင်ကာ ကျားမင်း စစ်ဆင်ရေး ကို ပြုလုပ်နေသည်။ ရက် ၉၀ ကြာမည့် စစ်ဆင်ရေးလုပ်ဆောင် နေစဉ် သေနတ်ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခြင်းဖြစ်သည်။

ကျားမင်း စစ်ဆင်ရေး ဆောင်ရွက်နေစဉ် သေနတ်ပစ် ခတ်မှုဖြစ်ပွားသည့်အပေါ် မေး မြန်းမှုကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ‘‘သူတို့က ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ ကြောင့် သေချာအကွက်ချပြီး လုပ်သွားတာ’’ဟု ပြန်လည်ဖြေ ကြားသည်။