GGS ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာလေးသန်းကျော်ထုတ်ပေးသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကြပ်မတ်စစ်ဆေးရန် လွှတ်တော်တွင် တိုက်တွန်း

ကုမ္ပဏီက ပြန်လည်ပေးဆပ်သည့်အခါ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် စုစုပေါင်း ဒေါ်လာငါးသိန်းကျော် ဆုံးရှုံး

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဖြန့်ဖြူးရန် တင်ဒါရရှိ သည့် Global Green Service Co., Ltd (GGS) အား လိုအပ် သည့် ဓာတ်ငွေ့ဖိုးငွေ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅၂ သန်း ကြားခံစိုက်ထုတ်ပေးခဲ့သည့် လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကြပ်မတ်စစ်ဆေးရန် မင်းကင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမောင်မြင့်က ပြော သည်။ ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ ရှိချက်အစီရင်ခံစာအပေါ် ပြည် သူ့ငွေစာရင်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်အစီရင် ခံစာကို ဆွေးနွေးစဉ် ဦးမောင် မြင့်က ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက စိုက်ထုတ်ကုန်ကျခံပေး သည့် အမေရိကန်ဒေါ်လာ လေး သန်းကျော်ကို EC ဆုံးဖြတ်ချက် နှင့် စီမံဘဏ္ဍာဝန်ကြီးဌာန၏ သီး ခြားဘတ်ဂျက် တောင်းခံထားခြင်း ကို စာရင်းစစ်ချုပ်အစီရင်ခံစာ တွင် မတွေ့ရကြောင်း မင်းကင်း အမတ်ဦးမောင်မြင့်က လွှတ် တော်အစည်းအဝေးတွင် ပြော သည်။

‘‘ဒီလိုမှားယွင်းပျက်ကွက်မှု တွေအတွက် ၀န်ကြီးဌာန အ ကြောင်းပြချက်က သာမန်အသုံး စရိတ်မှ အစိုးရဌာနအချင်းချင်း ငွေပေးချေတာဖြစ်လို့ EC မတင် ခြင်းဖြစ်တာဆိုတာဟာ ဆင်သား ရေကို ဆိတ်သားရေနဲ့ဖုံးတာ အ တူတူပါပဲ’’ဟု ဦးမောင်မြင့်က ပြောသည်။

ဝန်ကြီးဌာနက ဒေါ်လာလေး သန်းကျော်ကို တစ်နှစ်ကျော်၊ နှစ် နှစ်နီးပါး စိုက်ထုတ်ပေးထားခြင်း ကို GGS ကုမ္ပဏီက ပြန်လည်ပေး ဆပ်သည့်အခါ နိုင်ငံခြားငွေလဲ နှုန်း ပြောင်းလဲမှုကြောင့် စုစု ပေါင်း ဒေါ်လာ ၅၁၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် တွေ့ရသည်ဟု ဦးမောင်မြင့်က ပြောသည်။

‘‘ဒီကိစ္စအပေါ်မှာ ၀န်ကြီးဌာ နအနေနဲ့ လုပ်ထုံးတွေကို ကျော် လွန်ပျက်ကွက်ပြီးမှ GGS ကုမ္ပဏီ အပေါ်မှာ မျက်နှာလိုအားရနဲ့ ဒေါ် လာစိုက်ထုတ်ပေးခဲ့ပြီး နိုင်ငံခြား ငွေဈေးနှုန်းပြောင်းလဲမှုအရ ဒေါ် လာငါးသိန်းကျော် ဆုံးရှုံးခဲ့ရတာ ကို ဘယ်လိုအရေးယူဆောင်ရွက် မလဲဆိုတာ ရှင်းလင်းစွာ မှတ် ချက်မပြုတာ စိတ်ပျက်မိပါတယ်’’ ဟု ဦးမောင်မြင့်က ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြည် ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံ စာနှင့်ပတ်သက်ပြီး မင်းကင်းအ မတ် ဦးမောင်မြင့် အပါအ၀င် ကိုယ်စားလှယ် ၃၂ ဦး အမည်စာ ရင်း ပေးသွင်းထားပြီး ၂၂ ဦးသာ ဆွေးနွေးခဲ့ကာ ကျန်ရှိသည့် အစီ အစဉ်များကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆက်လက်ဆောင်ရွက် ရန် လျာထားကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြော သည်။